>11

6.3K 576 74
                                    

🎤"Shabang Shabang...ဟေး Shabang Shabang..."🎤

ဆူညံပွက်လောရိုက်နေတဲ့ မှန်လုံခရီးသွားကားအရှည်ကြီးပေါ်မှာ korean trot သီချင်းများက မြိုင်မြိုင်ဆိုင်ဆိုင် ပျံ့လွင့်နေသည်။

မောင်းနှင်နေတဲ့ ကားကိုပင်ဂရုမစိုက် ထိုင်ခုံပေါ်တွေမှာ မထိုင်ပဲ မတ်တပ်ရပ်သူကရပ် က သူက ကနှင့် ရီမောနေကြသူများမှာ အသက်ငါးဆယ်ကျော် ဦးလေးကြီး အဒေါ်ကြီးများဆိုရင် ယုံချင်စရာမရှိ ၊ အပြုံးများက လူငယ်လေးတွေလို သွက်လက်ကာ ဝင်းပနေကြသည်။

ထိုလူကြီးသူမတွေကြားမှာ ဟိုဘက်ငေး ဒီဖက်ငေးနေတဲ့ လိုက်ပြုံးမိတာ ကျမပါလေ..၊ တစ်ကားလုံးလိုလို လူငယ်ဆိုလို့ မြင်သလောက်တော့ ကျမတစ်ယောက်ထဲပင်။ အခုလို ရာသီမှာ Ulsan တောင်တက်ကြသည်မှာ လူကြီးပိုင်းတွေဟု မသိခဲ့လေတော့ ယောင်လည်လည်နှင့် ကျမလည်း ပါလာခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် စိတ်အပြောင်းအလဲတော့ ဖြစ်သည်ဆိုရပေမည်။

နှင်းမှုန်တို့ရောယှက်သည့် လေနုစိမ်းတို့က ကားပြတင်းမှန်ကတဆင့် လာရိုက်ခတ်လေတိုင်း ခန္ဓာကိုယ်အတွင်းပိုင်းထဲကပင် စိမ့်အေး၏။ မှန်ကို ပြန်ပိတ်လိုက်ပြီးမှ မျက်လုံးတွေမှိတ်ကာ လိုက်လာမိသည်၊ သူများပျော်နေပေမယ့် ကိုယ့်မှာက ပျော်စရာသိပ်မရှိ၊ မွန်းကြပ်နေသည်မလား။
ဒီလိုရာသီကြီးမှာ တောင်တက်ဖို့ထွက်လာမိတာပင် အပြစ်တင်ရမလိုလို..၊ အို ဘာဖြစ်ဖြစ် ဟိုလူကြီးဆီက ခနလောက် ထွက်ပြေးလို့ရရင် ပြီးတာပါပဲ...

"ကလေးမလေး...ရော့ ဒါလေးပတ်ထား ဒီရွာဘက်က အရမ်းချမ်းတယ်!"

"အာ...ကျေးဇူးပါ အဒေါ်"

မနက်အစောပိုင်းကတည်းက ဂိတ်မှမောင်းထွက်လာခဲ့သည်မှာ ညနေပိုင်းလောက်တွင် တောင်ခြေအနီးနားရှိ ရွာငယ်လေးဆီတွင် ကားဖြင့်သွားရသော ခရီးကဆုံးလေသည်။ ကားပေါ်က ဆင်းဆင်းချင်း အဒေါ်ကြီးတစ်ယောက်ပေးလိုက်သော မာဖလာအနီလေးကို မျက်နှာတစ်ဝက်ထိ ဆွဲတင်ရ၏ ၊ မဆိုသလောက် ကြမ်းလာသော လေစိမ်းက မျက်လုံးတွေပါ ကျိန်းစပ်စေသောကြောင့်ဖြစ်သည်။

"အဒေါ် တောင်ပေါ်ကို ဘယ်အချိန်တက်ရင် အကောင်းဆုံးလဲဟင်?"

RENDEZVOUS [Completed]Where stories live. Discover now