" ဝါးးးလှလိုက်တာ..."
နေရောင်ကောင်းကောင်းမွန်မွန်ရသော တောင်ထိပ်ကွက်လပ်လေးတွင် #ulsanတောင် ဆိုသည့် ဆိုင်းဘုတ်သေးသေးလေးနှင့်အတူ တောင်တက်ခရီးက အဆုံးသတ်လေသည်။
သစ်သားလက်ရန်းလေးများနှင့် ကာရံထားသော တောင်အစွန်းမှ လှမ်းမျှော်ကြည့်လျှင် တဖက်မှာက တောင်တန်းစိမ်းစိမ်း၊ တဖက်မှာတော့ သေးတိသေးငယ် အိမ်ယာအစုစုလေးတို့က ရင်သပ်ရှုမောဖွယ်ရာ။ ထို ရှူခင်းတွေငေးမောရင်း အမောဖြေရတာနဲ့တင် ဒီလောက်မြင့်တဲ့တောင်ကို နေ့တစ်ဝက်ကျော်အချိန်ပေး တက်လာရတာ တန်သည်ဟုဆိုရပေမည်။
"ကျေနပ်သွားပြီလား?"
"အဟီး...လှတယ်နော် ၊ ဟိုမယ် တိမ်တွေကိုကြည့်စမ်းပါ ဥက္ကဌကြီး"
"အင်း...အဲ့တိမ်တွေထက် ဂျီယောင်းက ပိုလှတယ်!"
မျက်စောင်းတချက်ထိုးလိုက်တော့ မသိသလို ဆက်ပြီး လာစူးစိုက်ကြည့်နေတဲ့ လူကြီးကြောင့် နေရထိုင်ရပင်ခက်လာသလိုလို ဖြစ်လာသည်။ အံသြပါ့ တောင်ထိပ်ထိရောက်လာပြီး ရှူခင်းလေးဘာလေးကြည့်မယ့်မရှိ ၊ ဒီမျက်နှာပဲလာကြည့်နေတော့ ဘယ်လိုလုပ်ရပါ့..
"အဟမ်းးး ဘယ်ချိန်ထိ ကြည့်နေမှာလဲ? သွား... ဟိုဖက်ကိုကြည့်နေ"
"ဟားးး အင်းပါ အင်းပါ မတွန်းပါနဲ့ ကိုယ်ပြုတ်ကျလိမ့်မယ်"
သူ့ကျောကြီးတွန်းလွှတ်မှ ပိုကပ်လာတဲ့သူက နေရာပြောင်းကာ ကျမအနောက်ဆီရောက်လာသည်။ ထို့နောက် ခါးပေါ်ကိုရောက်လာတဲ့လက်တွေနဲ့အတူ သူ့မေးဖျားက ကျမပခုံးပေါ် မှေးတင်ကာ ၊ ကျမ လှည့်ကြည့်တော့ မျက်လုံးတွေမှိတ်ကာ နေသည်။
"ဥက္ကဌကြီး...ဟိုမယ် အာဂျီးမားတွေရှိတယ်"
"ခနလေးပါ..ကိုယ် ပင်ပန်းနေလို့"
ဒီလိုဆိုတော့လည်း ထပ်ပြီး တွန်းမဖယ်ရက်။ ကျမအထုပ်တွေပါသယ်လာပေးပြီး ဒီအပေါ်ထိ ကျမကိုတွဲကာ ဦးဆောင်တက်လာတဲ့သူမို့...သူတကယ်ပင်ပန်းမှာပင်။
"ဟိတ် ဟိုလင်မယား...မဆင်းသေးဘူးမလား? ကျုပ်တို့ဆင်းတော့မှာနော်"