Episode 1

15.1K 771 60
                                    

မနက်​ခင်းက​တော့ထုံးစံအတိုင်းသာယာမြဲသာယာဆဲပါ..

Taehyungဆက်​အိပ်​ချင်​ခဲ့​ပေမယ့်​အလုပ်​သွားဖို့အိပ်​ရာထရမည်​..

သူ့အတွက်​​နေ့တိုင်းကပျင်းစရာ​ကောင်းတဲ့​နေ့​တွေဖြစ်​ခဲ့တာကြာပြီ..

အရင်​တုန်းကလိုနိုးလာတာနှင့်​သူ့ကိုရင်​ခွင်​ထဲထည့်​ဖက်​ထား​ပေးပြီးအနမ်းတစ်​ပွင့်​နဲ့ကြိုမယ့်​သူမရှိ​တော့ကတည်းကဘဝကြီးကအခုလိုပါပဲ..

အတိတ်​ကို​တွေးပြီးပြန်​ခံစား​တော့​ကောဘာရမှာလဲ..

တစ်​​ယောက်​တည်းမနက်​စာလုပ်​စားပြီးအခန်းအပြင်​ထွက်​လာခဲ့သည်​..

ဘာရယ်​မဟုတ်​..​ဘေးခန်းကိုကြည့်​လိုက်​​တော့လူသစ်​​တွေ​ပြောင်းလာ​နေတာပဲ..

မ​နေ့ကအိမ်​ရှင်​ဦး​လေးသူ့ကို​ပြောထားတာသူ​မေ့​နေခဲ့တာ..​အေး​လေ..အခု​တစ်​​လောဘာကိုမှအာရုံမှမရတာကြာ​နေပြီ..

ပြောင်းလာတဲ့လူ​တွေကလူငယ်​​တွေထင်​ပါရဲ့..အိမ်​နီးချင်း​တွေနဲ့ကသူနဲ့သိပ်​အ​ရောဝင်​​လေ့ရှိတာမဟုတ်​..

"Haneul ah..ပစ္စည်း​တွေအကုန်​ယူလာတာ​သေချာပါတယ်​​နော်​.."

ဒီအသံ..

Taehyungစကား​ပြော​နေတဲ့လူကိုလှည့်​ကြည့်​လိုက်​သည်​..

ဒီအသံကသူတစ်​ချိန်​ကတရင်းတနှီးကြားခဲ့ဖူးတဲ့အသံ..

သူထင်​တဲ့အတိုင်းမှန်​​နေပြန်​ပါလား..

အသံပိုင်​ရှင်​ကိုသူ​ကောင်း​ကောင်းသိတာ​ပေါ့..

"အင်း..အကုန်​​သေချာယူလာပါတယ်​Jungkookရဲ့.."

Jungkookဆိုတဲ့နာမည်​ကိုကြားလိုက်​ရတာပိုလို့​တောင်​​သေချာသွားခဲ့သည်​..

Taehyungရဲ့Jeonအသံ..မဟုတ်​ဘူး..Taehyungမပိုင်​​တော့တဲ့Jeonရဲ့အသံ..

သူ့​ဘေးမှာ​ကောင်​မ​လေးတစ်​​ယောက်​နဲ့..

အေး​ပေါ့​လေ..သူလည်းသူ့ဘဝခရီးကိုဆက်​​​လျှောက်​ရမှာ​ပေါ့..

ကောင်​မ​လေးကသူ့ကိုမြင်​သွားပုံရသည်​..Jeonလက်​ကိုဆွဲပြီးသူ့ဆီလာ​နေသည်​..

The Last Time We Broke Up ✔Where stories live. Discover now