Episode 14

5.2K 514 42
                                    

Jungkook​ဆေးရုံခန်းထဲမှာထိုင်​​စောင့်​​နေခဲ့တာနှစ်​ရက်​တိတိရှိ​နေ​ပေပြီ..

Taehyungက​တော့နိုးမလာ​သေး..

ဆရာဝန်​ကComaဝင်​နိုင်​​လောက်​တဲ့အ​ခြေအ​နေမဟုတ်​လို့​ပြောထား၍Jungkookနည်းနည်း​တော့စိတ်​သက်​သာရာရသွားသည်​..

Yoongiနဲ့Jiminကသူတို့တစ်​လှည့်​စီ​ဆေးရုံ​စောင့်​​ပေးမည်​ဆိုတာကိုJungkookလက်​မခံ..

Taehyungနိုးလာရင်​သူ​ဘေးမှာရှိ​နေမှာရမှာမဟုတ်​လား..

ဒီ​နေ့ဆိုရင်​နှစ်​ရက်​​မြောက်​​နေ့ရဲ့ညဘက်​..

Taehyungရဲ့လက်​သွယ်​သွယ်​​လေး​တွေကိုဆုပ်​ကိုင်​ရင်းJungkookစကား​တွေတစ်​​ယောက်​တည်း​ပြော​နေမိသည်​..

"Taeရယ်​..နိုးလာပါ​တော့​နော်​..ကိုယ့်​ကိုတစ်​လှည့်​ပြန်​မုန်း​ပေး​လေTae..ကိုယ့်​ကိုစိတ်​ဆိုးဦး​လေ..ကိုယ်​နားမလည်​ခဲ့တာ​တွေကိုTaeကိုယ်​တိုင်​ရှင်းပြ​ပေးတာကိုယ်​ကြားချင်​​သေးတယ်​Taeရဲ့..ထလာပါ​တော့​နော်​..ကိုယ်​Taeကို​တောင်းပန်​ရဦးမယ်​.."

JungkookသူTaehyungအ​ပေါ်အခုတစ်​​လောလုပ်​ခဲ့တာ​တွေကို​တွေးရင်းအရမ်း​နောင်​တရသည်​..

သူသာကြိုသိခဲ့ရင်​Taehyungဆီချက်​ချင်းပြန်​လာခဲ့မှာပါ..

"နိုးလာပါ​တော့Tae..ကိုယ့်​ဆီကိုပြန်​လာပါ.."

Taehyungရဲ့လက်​နုနုကိုJungkookဖွဖွ​လေးနမ်းလိုက်​သည်​..

ပြီး​တော့Taehyungလက်​​လေး​တွေကိုဆုပ်​ကိုင်​ရင်းခုတင်​​ဘေးမှာ​ခေါင်းချလိုက်​သည်​..

ရုတ်​တရက်​Taehyungလက်​​လေး​တွေလှုပ်​လာသည်​..

Jungkookအစကသတိမထားမိ​ပေမယ့်​တဖြည်းဖြည်းသူကိုင်​ထားတဲ့Taehyungလက်​​တွေကသူ့လက်​ထဲက​နေရုန်းထွက်​လာသည်​..

"ဟင်​?Tae..နိုးပြီ​လား.."

Taehyungက​ဖျော့​တော့စွာJungkookကို​ခေါင်းငြိမ့်​ပြသည်​..

"ခဏ​လေး..ကိုယ်​ဆရာဝန်​​ခေါ်လိုက်​မယ်​.."

Jungkookဆရာဝန်​သွား​ခေါ်မလို့လုပ်​​နေချိန်​Taehyungကလက်​ကိုလှမ်းဆွဲထားလိုက်​သည်​..

The Last Time We Broke Up ✔Where stories live. Discover now