Episode 9

4.8K 573 56
                                    

Jungkookနဲ့Haneulတို့နှစ်​​ယောက်​ပဲTaehyungကို​ဆေးရုံ​ခေါ်လာခဲ့သည်​..

Haneulကအိမ်​ပြန်​သွားပြီး​Jungkookတစ်​​ယောက်​တည်းကုတင်​​ဘေးမှာထိုင်​​စောင့်​​နေခဲ့သည်​..

Jungkookမညာချင်​..အခုလိုဖြစ်​သွား​တော့လည်းသူTaehyungအတွက်​စိတ်​ပူမိသည်​..

သူထိုင်​​နေစဉ်​မှာပဲဆရာဝန်​​ရောက်​လာသည်​..

"ဆရာ..သူ့အ​ခြေအ​နေကဘယ်​လိုရှိပါသလဲ.."

"ရုတ်​တရက်​အရမ်းစိတ်​လှုပ်​ရှားသွားလို့shockရသွားတာပါ..ဘာမှကြီးကြီးမားမားမဖြစ်​ပါဘူး..ခဏ​နေပြန်​သတိရလာမှာပါ.."

"Nae..​ကျေးဇူးတင်​ပါတယ်​.."

"သူသတိရလာရင်​ကျွန်​​တော့်​ကိုအ​ကြောင်းကြား​ပေးပါ​နော်​.."

ဆရာဝန်​ပြန်​ထွက်​သွား​တော့Jungkookကုတင်​​ဘေးမှာထိုင်​ရင်းပြန်​စဉ်းစားခန်းဖွင့်​မိပြန်​သည်​..

ကုတင်​​ပေါ်မှာဖြူ​ဖျော့ပြီးအိပ်​​ပျော်​​နေတဲ့လူကTaehyungမှဟုတ်​ရဲ့လားလို့သူ​တွေးမိသည်​..

အရင်​တုန်းကဆိုပန်း​ရောင်​သန်း​နေကျသူ့နှုတ်​ခမ်းအစုံကလည်းဖြူ​ဖျော့​နေခဲ့တာ..

ဘာကိုအဲ့​လောက်​​တောင်​လန့်​သွားခဲ့ရတာလဲ..

Jungkookသူ့ကိုယ်​သူအပြစ်​ရှိသလိုခံစားလိုက်​ရသည်​..

အရင်​တုန်းကဆိုTaehyung​ကြောက်​​နေခဲ့တဲ့အချိန်​တိုင်းသူ​ဘေးမှာရှိ​နေ​ပေးခဲ့သည်​..

အဲ့အတွက်​ဒီ​လောက်​ထိဆိုးဆိုးရွားရွားတစ်​ခါမှမဖြစ်​ဖူး..

ဟာ..သူနဲ့ငါနဲ့ကဆိုင်​မှမဆိုင်​​တော့တာ..ဒါငါ့အပြစ်​မဟုတ်​ဘူး..

Jungkook​တွေး​နေရင်းက​နေTaehyungဆီကညည်းသံသဲ့သဲ့​လေးထွက်​လာသည်​..

Taehyungနိုးလာခဲ့သည်​..

"Kim Taehyung..မင်းနိုးပြီလား.."

Taehyungကသူ့ကိုအားနည်း​နေ​သောမျက်​လုံးတစ်​စုံနှင့်​ကြည့်​​နေသည်​ဟုJungkookထင်​သည်​..

ဒါ​ပေမဲ့အားနည်း​နေခဲ့တာလား..ဝမ်းနည်း​နေခဲ့တာလားကိုသူမခွဲခြားတတ်​..

The Last Time We Broke Up ✔Where stories live. Discover now