"သွားရအောင်"
ယန်းကုံးကုံး နှင့်အတူ နန်းတော်ကြီးကိုကျောခိုင်းလိုက်သည်။
နောက်ဆုံးအနေနှင့်တောင်တခေါက်ပင်ပြန်လှည့်မကြည်မိတော့။တော်သင့်ပြီအဆုံးသတ်သင့်ပါပြီ။
ခုချိန်ကစလို့ သူ ဟာ နန်းတော်နှင့်ဘာမှမသက်ဆိုင်သည့်သူအဖြစ်...
Yeolမျက်ဝန်းညိုညိုတို့ကိုမြင်ယောင်ကာစိတ်မကောင်းပေမဲ့လဲ
တခါလောက်...
တခါလောက်ပဲဖြစ်ဖြစ် sehunသူ့အတွက်သူတွေးချင်သည်။****
တရွေ့ရွေ့သွားနေတဲ့ကျောပြင်ငယ်လေးကိုနန်းမြို့ရိုးပေါ်ကနေငေးကြည့်နေတဲ့ မင်းကြီးyeolမြင်ကွင်းထဲကပျောက်ကွယ်သွားရတဲ့အထိတချက်တောင်လှည့်မကြည့်ခဲ့တဲ့ချစ်ရသူ
လှည့်မကြည့်စတမ်း ပစ်ပစ်ခါခါထွက်သွားရက်သတဲ့လားအရှင်...
အကြိမ်ကြိမ်တောင်းပန်နေတဲ့ကြားက
...
မဟုတ်ဘူးသေမတတ် ခံစားနေရတဲ့သူကို ပစ်ချထားရက်နိုင်တယ်လား အရှင်...
အတ္တကြီးလွန်းတယ်လို့ မစွပ်စွဲရက်ပေမဲ့...ရက်စက်လွန်းတာတော့အမှန်ပါ
...သူ့အချစ်တွေကိုနဲနဲလေးမှမခံစားမိဘူးလား?
တန်ပြန်သက်ရောက်တတ်တဲ့ချစ်ချင်းမေတ္တာတရားတွေဟာ သူတို့နှစ်ယောက်ကြားမှာပဲမရှိသလား
Yeolပါးပြင်ထက်ပူနွေးစွာစီးကျလာတဲ့မျက်ရည်တို့ကိုမသုတ်မိတော့...
ချစ်ခဲ့ဖူးတာလဲပထမဆုံးပါပဲအရှင်...
တစုံတယောက်ကြောင့်ငိုခဲ့ဖူးတာလဲပထမဆုံးပါပဲ...
အရှင့်ကိုချစ်မိသွားရခြင်းဟာခမ်းနားကြီးကျယ်လွန်းလို့ဘာနဲ့မှနှိုင်းယှဉ်လို့မရလောက်အောင်ပဲ...
သိပ်ချစ်မိသွားလို့ပါ ...အရှင်...
*******
ဘူယောင်မြို့စွန်ရှိ ထီးထီးမားမားရှိနေသောအိမ်အိုကြီး
အိုဟောင်းပေမဲ့ အလှမပျက် တန်ဖိုးကြီးစွာခန့်ထည်လျက်ရှိသည်။
YOU ARE READING
"Till the end"(completed)
Romanceမှားယွင်းစွာချစ်ခဲ့မိကြသည့်လူသားနှစ်ယောက်...... အရှင့်ကို ချစ်မိတဲ့ အတွက်ဘယ် တုန်းကမှနောင်တမရခဲ့ဘူး... (Oh chanyeol) ချစ်ခဲ့မိခြင်းကို အမှားလို့ မယူဆခဲ့ရင် နောင်တဆိုတာ ရှိလာမှာမဟုတ်ပါဘူး. #cv by me #chanhun #yaoi #historical