22

4.2K 391 41
                                    

" ကြင်ယာတော်hun
စိုးရွံ့မိပေမဲ့ အရှင်မင်းကြီးမိဖုရားအဆောင်တော်မှာပါ"

Yeolအထိန်းတော်ကြီးရဲ့စကားကိုခပ်ယဲ့ယဲ့သာပြုံးပြလိုက်ရင်း လာရာလမ်းအတိုင်းပြန်လှည့်ဖို့ပြင်သည်။

Sehun  yeolအဆောင်တော်ကို၃ညတိုင်တိုင် လာခဲ့သည့်တိုင် မိဖုရားအဆောင်တော်သာသွားနေတဲ့yeolနဲ့ တရက်မှဆုံရသေးသည်ကိုမရှိပါချေ။

"ကြင်ယာတော်hunအဆင်ပြေပါရဲ့လား"

တနေ့ညက ရုပ်ပျက်ဆင်းပျက်ငိုနေခဲ့တဲ့sehunပုံစံကိုမြင်ပြီးသွားတဲ့ယန်းကုံးကုံးက သဘောပေါက်သွားပုံပင်။ခုလဲမျက်နှာမကောင်းတဲ့sehunကိုစိုးရိမ်နေပုံရသည်။
ယန်းကုန်းကုန်းရဲ့စကားကို ပြန်မဖြေမိပါ၊ အဆောင်တော်ပြန်ရာလမ်းတလျှောက် လမ်းပင်မလျှောက်နိုင်လောက်အောင်ပစ်လဲချင်လာရသည်။

သူကလူကြီးတယောက်ဖြစ်နေပြီးခုလိုကိစ္စလေးကို ဒီလိုမျိုးစိတ်ထိခိုက်နေဖို့မသင့်ဘူးမလား...

နောက်လဲကြုံတွေ့ရမဲ့ကိစ္စမျိုးမို့ခုကတည်းကခံနိုင်ရည်ရှိအောင်ကြိုးစားထားသင့်သည်လေ ...

ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ခြင်းကဘယ်လောက်များတည်မြဲနိုင်မှာမို့လဲ...

****************

"အရှင်မင်းကြီး ညွှန်ကြားခဲ့တဲ့အတိုင်းကြင်ယာတော်hunကိုလျှောက်တင်လိုက်ပါပြီ"

Yeolအဆောင်ထဲရှိနေရက်သားနှင့် အရှင့်ကိုတမင်သက်သက် ပြောစေခြင်းသာ...
မင်ဟွာအဆောင်တော်ဘက်တညတာကုန်ဆုံးပြီးကတည်းကခုဆိုခြေဦးပင်မလှည့်ဖြစ်ပါချေ

တကယ်တမ်းအရှင့်ကိုလွမ်းဆွတ်နေရတာသေမတတ်ဖြစ်နေရသည်။မြတ်နိုးရတဲ့အရှင့်ကို ခုလို တလကျော်မတွေ့ပဲနေခဲ့ရတာ အခက်ခဲဆုံးပါပဲ...
ဒါပေမဲ့လဲစော်ကားခံခဲ့ရတဲ့အချစ်အတွက် အရှင့်ကိုစိတ်ဆိုးနေချင်သေးသည်။

အမြဲတမ်းခပ်တည်တည်နဲ့ညာနေခဲ့တဲ့ တူတော်တယောက်ထက်မပိုကြောင်း ပြောလေ့ရှိတဲ့အရှင်က သူနမ်းတဲ့အချိန်တိုင်းရင်တွေခုန်နေခဲ့တာဘာကြောင့်ပါလဲ?

မင်ဟွာနှင့်တညတာကုန်ဆုံးခဲ့သည့်တိုင် အရှင်ပြောသလို သူမအပေါ်တိမ်းညွတ်ဖို့ဝေးစွ ...
သူမနဲ့ဖြတ်သန်းခဲ့တဲ့ထိုညကပင် အရှင့်ကိုသာမျက်လုံးထဲမြင်နေခဲ့တာပါလေ...
ဒီညတော့လွမ်းသည့်စိတ်ကိုတောင့်ခံလိုက်ရင်း မနက်မှသာအရှင့်ဆီသွားဖို့ဆုံးဖြတ်လိုက်သည်။

"Till the end"(completed)Where stories live. Discover now