30

4.3K 388 49
                                    

(Recommend  song
Dusk till down《Zayn & sia》)

 

ချောင်းတရစပ် ဆိုးနေရတာမို့ ပါးစပ်ကိုလက်ဖဝါးနှင့် အုပ်လိုက်မိသည်။

လက်ဖဝါးကိုဖြန့်ကြည့်လိုက်တော့ကပ်ပါလာသည့် သွေးစသွေးနများ...
ဝမ်းဗိုက်တခု လုံး နာကျင်နေရကာ တချက်တချက် အသက်ပင်မရှုနိုင်ပေ...

မျက်ဝန်းထောင့်စီးကျ လာသည့် မျက်ရည်တို့ကို လက်ခုံ နှင့်အသာ ပွတ်ဆွဲသုတ်လိုက်မိပါ၏...

စားပွဲအသေးလေးပေါ်ရှိ ဆေးရည်မဲမဲထည့်ထားသည့် ကြွေခွက် ကို ယူရင်း ကြိတ်မှိတ်မျိုချလိုက်၏...

ခါးသက်နေသည့် ဆေးရည်က ပြန်ပျို့တက်လာတာကြောင့် ပါးစပ်ကို လက်နှင့် အုပ်လိုက်ပြီး အသက်ဝဝရှုလိုက်သည်။

ထပ်ပြီး...
ဘယ်လောက်ထိ ခံစားရအုန်းမှာလဲ...
မသက်သာမှန်းသိပေမဲ့ ထိုဆေးခါးခါးတွေကို yeolစိတ်ချမ်းသာအောင် ကြိတ်မှိတ်သောက်ပြဆဲပင်...

မင်ဟွာ အဆိပ်ခတ်မှန်းသိပေမဲ့ yeolကို အသိပေးချင်စိတ်မရှိပါလေ...
Sechannieလေးရဲ့ မျက်နှာကို မြင်ယောင်လာတာကတကြောင်း...
မင်ဟွာ့ အပေါ် မတရားလုပ်မိတယ် ခံစားမိတာကြောင့် နှုတ်ပိတ်နေမိသည်။

******

" အရှင် ...ကျွန် တော်မျိုးတို့မလုပ်ဝံ့ကြောင်းပါ "

စားဖိုဆောင် က အမှုထမ်းတွေ အကုန်လုံး တယောက်မကျန် yeolရှေ့ တွင် ဒူးထောက်လျက်သား...
ထိုသူများသည်ကြောက်စိတ်ကြောင့်တုန်ရီနေကြလေသည်။

" မလိုချင်ဘူး  လုပ်ကြံတဲ့သူ ရှာမတွေ့မချင်းချုပ်ထားလိုက်"

ပုလ္လင် ထက် အားလျော့စွာ ထိုင်ချ မိသည်။

တနေ့တခြား ပိုပို ဆိုးလာတဲ့ အရှင်ကြောင့် ရှိသမျှ သူ အကုန်
ပတ် ယမ်းနေမိသည်။

" ခမည်းတော်"

လက်လေးကို လာဆွဲသည့်sechannieကြောင့် အတွေးစကိုဖြတ်လိုက်ရင်း ပေါင်ပေါ် ပွေ့တင်လိုက် ပါ၏...

" ခမည်းတော်  sechannie hun hunဆီသွားချင်တယ်"

မျက်လုံးဝိုင်းတို့နှင့်မော့ငေးရင်းမျှော်လင့်တကြီးတောင်းဆိုနေတဲ့ သားတော်လေးကို ခပ်ယဲ့ယဲ့သာ ပြုံးပြ လိုက်မိပါ၏...

"Till the end"(completed)Where stories live. Discover now