Ending-part2

5.7K 496 90
                                    

"ဟော ရောက်နေပြန်ပြီshixun"

Jonginက စားပွဲပေါ်ရှိ ပန်းစည်းကို မေးငေါ့ပြရင်းပြောသည်။

Shixun ခပ်ယဲ့ယဲ့သာ ပြုံးပြလိုက်ရင်း ထိုနှင်းဆီဖြူ အပွင့်၃၀လောက်ပါမည့် ပါမည့်ပန်းစည်းလေးကို ရင်ခွင်ထဲပွေ့လိုက်ပါ၏
Postcardအသေးလေး ကရိုးရာမပျက် ပါလာသည်။

" မကြာခင်ဆုံ ကြရအောင်အရှင် "
                        Yeol

"Shixunမင်းငိုနေတာလား"

မျက်ရည်ကျသည်အထိ ပျော်ရွှင်မိသည်။
Shixunဟာခုချိန်မှာတော့ လွန်ခဲ့တဲ့နှစ်ပါင်း ၂၀၀၀ကျော်က oh sehunဖြစ်ကြောင်းလက်ခံခဲ့ပြီးဖြစ်သည်။

တပတ်တခါ မှန်မှန်ပို့တတ်တဲ့နှင်းဆီဖြူလေးတွေရဲ့ပိုင်ရှင်ဟာyeolဖြစ်နေလိမ့်မည်ဟု ယတိပြတ်ယုံကြည်ထားသည်၊
Shixun  ထို ပန်းတွေပေးပို့သူကို စုံစမ်းခဲ့ပေမဲ့ အပုန်းကောင်းလွန်းတဲ့yeolကို ခြေရာခံလို့မရနိုင်ပါ...
ပန်းလာပို့နေကြdelivery ရုံးအထိ လိုက်သွားပြန်တော့လဲ ရေငုံနှုတ်ပိတ်နေကြကာ တိတိကျကျမပြောတာကြောင့်လက်လျှော့ခဲ့ရသည်။

တမင်သက်သက်ပဲနှိပ်စက်နေရော့သလားyeolရယ်...

Jonginကတော့ပန်းစည်းကြီးပိုက်ရင်း ငိုနေတဲ့shixunကို စုတ်သတ်သတ်နှင့်ကြည့်နေလေသည်။

*********************
ဒီတပတ် အတွက် ရောက်လာရမည့်နှင်းဆီပန်းတို့ကရောက်မလာတာကြာင့်Shixunတမှိုင်မှိုင်တတွေတွေ..

"Shixun shi  bossခေါ်နေပါတယ်"

Appaရှိရာ ရုံးခန်းဆီသို့ သွားနေသည့်တိုင် စိတ်နှင့်လူနှင့်မကပ်ပါချေ...

" appaခေါ်တယ်ဆို"

" အင်း shixun appaကို ဂျပန်ကလာမယ့်ဧည့်သည်တယောက်သွားကြိုပေး "

Shixunစိတ်ပျက်သွားသည့် ပုံစံဖြင့် ဆံပင်တို့ကို ဆွဲဖွရင်း ဆိုဖာပေါ် လျော့တိလျော့ရဲထိုင်ချလိုက်ပါ၏
လူက စိတ်မကြည်ရတဲ့အထဲဧည့်သည်က သွားကြိုပေးရအုန်းမည်။

" ကျစ်..appaရာ ဒရိုင်ဘာတွေဒီလောက်ပေါနေတာ လွှတ်လိုက်ပေါ့ သားက ဒရိုင်ဘာလား"

"လျှာမရှည်နဲ့shixunငါ က သွားကြိုဆိုကြိုလိုက်  အရေးကြီးတဲ့လူမို့မင်းကိုကြိုခိုင်းတာပေါ့ကွ "

"Till the end"(completed)Where stories live. Discover now