27

3.7K 350 53
                                    

အရိပ်ကောင်းလှသည့် သစ်ပင်အိုကြီး ထက် ကျောမှီကာ ထိုင်နေသည့်yeolရင် ခွင်ထဲ အရှင့်ကို ခလေးတယောက်လို တယုတယပွေ့ဖက်ထားရင်း နေဝင်ဆည်းဆာ အလှကို ငေးနေလေ၏

လေ ယူရာ ယိမ်းနွဲ့နေသည့် အရှင့် ဆံနွယ် တို့ဟာ yeolမျက်နှာထက် လာရောက်ကြည်စယ်နေလေရဲ့...

" yeol"

မျက်ဝန်းချင်းဆုံအောင် ငေးကြည့် လိုက်တော့ ဖျော့တော့နေသည့်အရှင့်မျက်ဝန်းများကြောင့်အားမရပါချေ...

"ကျွန်တော့် ရဲ့နှင်းဆီဖြူလေး ဘာတွေ စိတ်ညစ်စရာရှိနေသလဲ"

နှင်းဆီဖြူလေးလို့ တင်စားလိုက်ခြင်းအားဖြင့် အရှင့် ရဲ့မျက်နှာလေးက မဲ့ကျသွားလေ၏

"ကိုယ်တော် က မိန်းခလေး မှမဟုတ်တာ ပန်းတွေနဲ့မတင်စားစမ်းနဲ့"

"အော်ဟော နှင်းဆီဖြူဆို တာသိပ်ရှားတာနော် အရှင်
တော်ရုံလူကို မနှိုင်း ရဲလောက်အောင် သိပ်လှတာ "

"ဘာလဲ နှင်းဆီပန်းဆို အကုန်တူတူပဲကို အရောင်ပဲကွဲတာမဟုတ်ဖူးလား"

ရင်ခွင်ထဲ နှုတ်ခမ်းလေးတထော်ထော်နှင့်ရန်စွာနေသည့် အရှင်ကြောင့် နဖူးလေးကို ဖြတ်ခနဲ ငုံ့နမ်းလိုက်မိသည်။

"အဆင်းအနံ့ခြင်းတူတာတောင်နှင်းဆီအနီတွေ အဝါတွေထက် အဖြူရောင်ဆို လူတွေက ပိုမနှစ်သက်ကြဘူးလား?"

"အင်း ဟုတ်သားပဲ"

ခေါင်းတငြိမ့်ငြိမ့်နှင့်လက်ခံဟန် ပြလာလေ၏

"Yeol မေးချင်တာလေး ရှိတယ် "

"ခွင့်တောင်းစရာလိုလို့လား"

ပြုံးတုံ့တုံ့ သူ့အပြောကိုအရှင်က မျက်စောင်းဝင့်လာလေရဲ့...

ကြည့်...
ဒီနှင်းဆီဖြူလေး ဟာ ချစ်စဖွယ်ကောင်းအောင်မျက်စောင်းထိုးတတ်သေးသည်။

" စိတ်ထဲရှိတဲ့ အတိုင်းပဲဖြေပေးဖို့ မျှော်လင့်တယ်yeol"

"..."

" ကိုယ်တော့်ကို ချစ်ခဲ့မိတဲ့အတွက် နောင်တရလားဟင်"

မဝံ့ မရဲမေးသံလေးဟာ စိုးရိမ်ပူပန်ခြင်းတို့ ကပ်ပါလေ၏
မျက်လွှာချ လိုက်ခြင်း ကြောင့် အရှင့်ရဲ့ တိုစိပ်စိပ်မျက်တောင်ဖျားလေးတွေကို အားရအောင်ငေးခွင့်ရ၏...

"Till the end"(completed)Donde viven las historias. Descúbrelo ahora