26

3.6K 367 55
                                    

ဥယျာဉ်တော်အဝသို့ အရောက်တွင် yeolရဲ့ အထိန်းတော်ကြီး နှင့် မင်ဟွာရဲ့ အထိန်းတော်တို့ကို တွေ့လိုက်ရတာမို့ လာရာလမ်းအတိုင်းပြန်လှည့်ဖို့ပြင်လိုက်ပါ၏...

ညနေတိုင်း လမ်းလျှောက်ထွက်လေ့ ရှိတဲ့ မင်ဟွာ နဲ့yeolရဲ့ အချိန်ကောင်းလေးကို မဖျက်ဆီးချင်တာမို့ အလိုက်တသိရှောင်ပေးမိသည်။

၇လ ကျော်လာပြီဖြစ်တဲ့ ကိုယ်ဝန်ကြောင့် yeolက သိသိသာသာ ဂရုစိုက်လာတာတော့sehunသတိထားမိသည်။

သားဦးလေး မို့ yeolဘက်က သည်းသည်းလှုပ်ဖြစ်နေတာ နားလည်သည်။

Yeolတောင် မျက်စိရှေ့တွင်အရွယ်ရောက်လာခဲ့ လေပြီ..

ဖခင်တယောက်ရဲ့ တာဝန်တွေ အားလုံးyeolက ကျေပွန်အောင် ဆောင်ရွက်ဖို့ အတွက် အားတက်သရောရှိလှသည်။

ထပ်ပြီး...
ထပ်ပြီးတော့yeolကို စိတ်မပင်ပန်းစေချင်တာမို့ sehunက အရင်လို ကိုယ်တော့်အနာမှာပဲနေပေးပါတို့ မထားခဲ့ပါနဲ့တို့ စသဖြင့် တစ်ကိုယ်ကောင်းဆန်သည့်စကားတွေကို မပြောမိတော့ပေ...
Yeolခမျာ...
သူ့ကိုလဲအချိန်အပြည့်အဝပေးချင် မင်ဟွာ ကို ဂရုစိုက်ရနှင့်မို့ သိပ်သနားဖို့ကောင်းလွန်းသည်။...

ပင်ပန်း လိုက်တာ...
ချစ်ရတာ ပင်ပန်းမှန်းသိရက်နဲ့ ချစ်နေတာလဲ အရူးထခြင်းတမျိုးပါပဲ...

" ကြင်ယာတော်hun..."

ယန်းကုံးကုံးရဲ့ သတိပေးသံအဆုံး ဥယျာဉ်တော်ဝတွင် ခြေစုံရပ် နေမိတဲ့ ကိုယ့်အဖြစ်ကိုသတိရသည်။

"သွားရအောင်"

" အရှင် "

နောက်ပါး ဆီမှyeolရဲ့ ခေါ်သံကြောင့် ပျက်ယွင်းနေတဲ့မျက်နှာကို အပြုံးတုတခုဖန်တီးလိုက်ရင်းyeolဘက် လှည့်လိုက်ပါ၏

ကြည့်ရတာsehun အထဲဝင်ဖို့ ချီတုံချတုံ လုပ်နေတဲ့အကြောင်းတယောက်ယောက်ကyeolကို အပြေးအလွှားလျှောက်တင်လိုက်ပုံရသည်။

လက်ဖျားကို တယုတယ ဆုပ်ကိုင်လာတဲ့yeolကြောင့်ရင်ထဲနွေးခနဲ...

ကြည်တောက်တောက် မျက်ဝန်းဝိုင်းဝိုင်းတို့က အရင်အတိုင်းsehunကိုမပြောင်းလဲငေးနေဆဲ...
ထို မျက်ဝန်းတို့သည်ချစ်မြတ်နိုးမှုအတိပြည့်ဝနေလေ၏

"Till the end"(completed)Where stories live. Discover now