ပြည့်စုံခြင်း...
ချစ်ရတဲ့ အရှင်ရဲ့ လက်ကိုတွဲထားရတာ...
မနက်တိုင်းအရှင့် မျက်နှာ နုနုလေးကို ငေးကြည့်ရင်း နိုးထခွင့်ရတာ...
သန္တာရောင်နှုတ်ခမ်းပိစိလေးကို အနမ်းခြွေတဲ့အခါ...
လခြမ်းကွေးပုံမျက်ဝန်းလေးတွေ မှိတ်ကျသွားအောင်သူ့ကို ပြုံးပြလာတဲ့အခါ...
စိတ်မထင်ရင်မထင်သလို သူ့ကိုထထကိုက်တတ်တဲ့ သွားစွယ်ချွန်ချွန်လေးတွေ...
တခါတရံ ဂျစ်တစ်တစ်နိုင်တဲ့ အရှင့်ရဲ့ အပြုအမူလေးတွေကို ခလေးဆန်စွာတွေ့မြင်ရတာ...
သူ့အပေါ် သဝန်တိုတဲ့အခါ အရှင့်ရဲ့ရွဲ့တဲ့တဲ့အမူအကျင့်လေးတွေ...
တကယ့်ကို သူ့အတွက်တော့ ပြည့်စုံတာထက်ကိုပိုသည်။ဒီ ဘဝ မှာတော့ အရှင်ဟာ သူ့အပိုင်ဖြစ်လို့လာခဲ့လေပြီ...
***********************
"Morning "ချော ကလက် ကိတ် ကို အားရပါးရစားနေသည့် အရှင် က သူ့ကိုလှည့်ပင်မကြည့်...
ပါးနုနုလေးထက် အနမ်းပေးလိုက်သည့်တိုင်အစားမပျက်...အရှင်က ဒီဘဝမှာတော့ ဂျစ်တစ်တစ်ကောင်ဆိုးလေးတယောက်ပါပဲ...
ပြန်ဆုံပြီး ၂ရက်အကြာမှာပင် ချက်ချင်းလက်ထပ်ဖြစ်ကြသည့်အပေါ် အရှင့်ရဲ့မိဘတို့ဟာ အံ့ဩောလို့မဆုံး...
အရမ်းမြန်လွန်းသွားတာသိပေမဲ့လဲ ပိုင်ရမှာဖြစ်မှာမို့...."Yeolဒီကို လာ စမ်း ရေပြောင်အောင်မသုတ်ဖူး"
အရှင်က ဆိုဖာမှာထိုင်နေတာမို့ သူက ကြမ်းပြင်ပေါ် သာ ထိုင်ချ လိုက်ရင်း အရှင့် ရင်ခွင်ထဲ ခေါင်းတိုးလိုက်တော့ ကျော ပြင်ထက် စပ်ဖျင်းဖျင်း လက်ဝါးချက်..
" အပျင်း ထူကောင် အသားက သိပ်ယူ"
သားပတ်ပွပွနှင့်ရေစိုနေသည့် ဆံပင်တို့ကို သုတ်ပေးနေသည့် အရှင်က ဗျစ်တောက်ဗျစ်တောက်...
ရင်ဘတ်လေးကို ခိုးနမ်းလိုက်တော့ တွန့်ခနဲဖြစ်သွားသည့် ကိုယ်လေး ..." ဘယ်တော့ အတူ နေရမှာလဲ"
ရင်ခွင်ထဲက နေ မော့ကြည့်လိုက်ရင်း ဆိုမိတော့ သူ့နှုတ်ခမ်းထက် ဖိကပ်လာသည့်နှုတ်ခမ်းပိစိလေး...
ကြည့်...
အမြဲတမ်း အရှင့် ဘက် က စနမ်းသည်။
ဒီက လူ မရိုးမယွဖြစ်လာပြီဆို မှအဆုံးထိ သွားခွင့်မပေးပဲဝေ့လည်ကြောင်ပတ်လုပ်သည်။
မပြောဘူးလား...အရှင်ဟာ သိပ်ဆိုးပါတယ်လို့...
YOU ARE READING
"Till the end"(completed)
Romanceမှားယွင်းစွာချစ်ခဲ့မိကြသည့်လူသားနှစ်ယောက်...... အရှင့်ကို ချစ်မိတဲ့ အတွက်ဘယ် တုန်းကမှနောင်တမရခဲ့ဘူး... (Oh chanyeol) ချစ်ခဲ့မိခြင်းကို အမှားလို့ မယူဆခဲ့ရင် နောင်တဆိုတာ ရှိလာမှာမဟုတ်ပါဘူး. #cv by me #chanhun #yaoi #historical