29

4K 375 41
                                    

ရင်ခွင်ထဲငုတ်တုတ်လေးထိုင်နေသည့် သူမသားငယ်လေးရဲ့နှင်းလိုဖြူဖွေးနေတဲ့ အသားရည် ဟာ ကြင်ယာတော်hunအတိုင်းပင်
...
ပါးဖောင်းဖောင်းမျက်လုံးဝိုင်းဝိုင်းလေးတို့ဟာyeolနှင့်အလွန်တူလေသည်။
သူမနှင့်တူတာဆိုလို့နှုတ်ခမ်းပါးပါးကလေးသာရှိသည်။

မကြာခင် သားငယ်လေးရဲ့ ၄နှစ်ပြည့်မွေးနေ့ကျင်းပတော့မည်။
တိတိကျကျဆိုရလျှင်yeolက သူမကို အဖတ်မလုပ်တော့တာ ၄နှစ်တိတိ...
သားတော်လေးကို တော့ yeolက အရမ်းချစ်လေသည်။

သူမရင်ခွင်ထဲက သားငယ်လေးဟာ
မျက်နှာချင်းဆိုင် တွင်ထိုင်နေသည့်ကြင်ယာတော်hun ကိုသာ မျက်လုံးလေးတလက်လက်နှင့်ငေးနေလေသည်။
မနာလိုစရာကောင်းလောက်အောင်ပဲ ဘာမှနားမလည်သေးသည့် သားတော်သေးသေးလေးက အစ ကြင်ယာတော်hunကို ခင်တွယ်လေ့ရှိတာ မငြင်းနိုင်ပေ...
ဘလောက်ပဲချော့မရအောင် အော်ငိုနေပါစေ ကြင်ယာတော်hun လက်ထဲရောက်သွားရင် အငိုတိတ် သွားတဲ့ ခလေးလေးပါ...

"Hun hun"

စကားစပြောတတ်ထဲကhunhunဆိုတဲ့ စကားသာ သားတော်လေးနှုတ်က ပီပီသသထွက်သည်။

"Hun hunဆီလာ "

ကြင်ယာတော်hunက ခေါ်လိုက်တာနှင့်သူမ ပေါင်ပေါ် က ဆတ်ခနဲထ ကာ တတောက်တောက်နှင့် လျှောက်သွားလေသည်။

" hunhun သောက်မယ်"

ကြင်ယာတော်hunအရှေ့ရှိ ကြာပန်း လ္ဘက်ရည် ပန်းကန် ကို လက်ညိုးထိုးရင်းပြောသည့်သားငယ်လေးကြောင့် မင်ဟွာ ပြာပြာသလဲတားမိသည်။

"မတိုက်ပါဘူး မင်ဟွာရဲ့ မစိုးရိမ်ပါနဲ့"

ညနေတိုင်း မင်ဟွာနဲ့ ဥယျာဉ်တော်ထဲ ထိုင်ရင်း စကားစမည်ပြောဖြစ်တာ ၁ပတ်လောက်ပင်ရှိနေပြီ...

လွန်ခဲ့တဲ့နှစ်တွေအတွင်းသားတော်လေးမွေးပြီးကထဲက မင်ဟွာ က အခေါ်အပြောမလုပ်တော့တာမို့ sehunစိတ်မကောင်းဖြစ်နေရသေးသည်။
ခု မှ သူမ ဘက်က စခေါ်လာလေသည်။

" ကြင်ယာတော်hun ညနေတိုင်း ကျွန်မတို့တွေ့ရအောင်လေ "

ညိုးနွမ်းနေသည့်မျက်နှာလေးနှင့်သူမ ပုံစံက တကယ့်ကိုသနားစရာပါ...
Yeolက လဲသူမ အဆောင်တော်ကို မသွားတော့တာ sehunအသိပါလေ..

"Till the end"(completed)Where stories live. Discover now