24

3.9K 348 57
                                    

ညလေအေးက ကန်ရေပြင်ကို ဖြတ်ကာ တိုက်ခတ်လာလေ၏
လရောင်ဖွေးဖွေး အောက် ဥယျဉ်တော် ထဲရှိ မြက်ခင်းပြင်ထက် yeolရင်ခွင်ထဲကျောမှီရင်း ရောက်တတ်ရာရာ စကားထိုင်ပြောနေရတဲ့အခိုက်အတန့်လေးက တကယ်ကို စိတ်ချမ်းမြေ့ဖို့ကောင်းသည်။
"Yeol ညမွှေးပန်းအနံ့ က တကယ်မွှေးတာပဲနော်"
"..."

ဝတ်ရုံတလွှာခြားထားသည့်တိုင်sehunပခုံးစွန်းကို နမ်းလိုက် လည်ဂုတ်ပေါ်  တဖွဖွနမ်းလျက် အလုပ်များနေတဲ့yeolက ဘာကိုမှစိတ်မဝင်စားနိုင်အောင်ဖြစ်နေပုံရ၏

ချစ်မိကြောင်းဝန်ခံလိုက်ကတဲက yeolနဲ့sehunက ကပ်အားကောင်းသည့်ကော် လို ခွာမရပြုမရ တတွဲတွဲနှင့်သာ...

"Yeol  *ဘာလုပ်*"

ဝတ်ရုံကို ပခုံးထိပေါ်အောင်ဆွဲချွတ်လာသည့်yeolကြောင့်sehunအနဲငယ်ရုန်းမိသည်။

လရောင်အောက် လှစ်ဟလာတဲ့ sehunပခုံးသားဖွေးဖွေးတို့ကို အငမ်းမရ ငုံနမ်းသည့်yeolကြောင့်sehunမှာသာ ခပ်လှမ်းလှမ်းမှာရှိနေလောက်မည့်အထိန်းတော်တို့ကိုတွေးပြီးမျက်နှာပူရလေသည်။

တစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ဖက်လိုက်ရင်း ပွေ့ချီလိုက်တာမို့ သန်မာသည့်yeolလက်မောင်းတို့ကြား အဝတ်ဖရိုဖရဲနှင့်ပင်အဆောင်တော်သွားရာလမ်းတလျှောက်yeol ရင်ခွင်ထဲမျက်နှာအပ် ပုန်းနေရလေ၏

မွေ့ယာခင်းဖြူလွှလွှပေါ် အသာအယာတင်ပေးရင်း sehunကိုယ်ပေါ်ရှိ ဖရိုဖရဲဝတ်ရုံလွှာတို့ကို ခပ်သွက်သွက်ဆွဲချွတ်ပစ်လေ၏
တစ်ကိုယ်လုံး ဗလာကျင်းသွားသည့်sehunတစ်ကိုယ်လုံးကို yeolကမျက်လုံးတလက်လက်နှင့် ငေးနေတာမို့ sehunမှာနားရွက်ဖျားတွေပင်ပူထူလာရလေသည်။
ဘယ်လောက်ပဲ ရင်းနှီး ခဲ့သည်ပဲဆိုဆို ခုလို အနေအထားမျိုးကြီး က အသားမကျသေးပါ။

"လှရက်လိုက်တာ ဒီလောက်ထိလှဖို့လိုလို့လား အရှင်"

အသားရည်က ဖြူနှစ်နေတာ ထိရက်ကိုင်ရက်စရာပင်မရှိ..
မဟူရာရောင်ဆံနွယ်တို့ က ပိုးသားကဲ့သို့ပျော့အိနေလေ၏
အရှက်သည်းနေတဲ့ မျက်နှာလေးက ပန်းရောင်ပြေးနေလေ၏
ခြေဖျားလက်ဖျားလေးတွေက နီရဲနေကာ တကယ့်ကိုနုနုဖတ်ဖတ်လေးပါ
မိန်းခလေး ကဲ့သို့ နွဲ့နှောင်းလှပခြင်းမျိုးမရှိပါပဲ yeol အရှင့်ကို ဘာကြောင့် လှပ သည်ဟုတင်စားခြင်းမှန်း နားမလည်နိုင်ပါ...

"Till the end"(completed)Where stories live. Discover now