(Recommended song)
( A thousand year 《twilight movie's theme song》 )"အရှင်..."
ဘယ်နေရာကြည့်ကြည့် အဖြူရောင် လွင်ပြင်ကျယ်တို့က မျက်စိတဆုံး..
အရာဝတ္ထု ၊လူသား ထို အရာတို့နှင့်တူ တာ တခုဆို တခုမှမတွေ့ရပေ.."အရှင်"
ထို အသံကို တော့ ကြားနေရဆဲပင်...
ဩရှရှ အသံဟာ နားထောင်လို့ ကောင်းလွန်းသည့် အပြင် ထို သူ က အရှင်လို့ ခေါ်လိုက်တိုင်းရင်ထဲနွေးသွားရသည်။"အရှင်"
ဟော အသံက ပိုပိုနီးလာပြီ...
သူ့ဘက်နောက်ကျောပေးထားသည့် လူတယောက်ရဲ့ပုံရိပ်က မြင်ကွင်းထဲဝင်လာသည်။
" yeolလား"
ထို သူရဲ့ကျောပြင်ကိုကြည့်ရင်း နှုတ်က လွှတ်ခနဲ ထွက်သွားမိတာ yeolဆိုသည့်နာမ်စားလေး...
ဖြတ်ခနဲလှည့်ကြည့်လာသည့် ထိုသူ...
"အရှင်"
ထိုသူ ဟာ ပါးချိုင့်နက်တို့နှင့်သိပ်ကို ခန့်ညားလွန်းသည်။
ကမ္ဘာပေါ် ရှိရှိသမျှ ကြယ်လေးတွေ စုဝေးနေသလို မျက်လုံးဝိုင်းဝိုင်းလေးတွေက တဖြတ်ဖြတ်လက်လို့...
ဒါဟာ သူသိပ်ချစ်ရတဲ့yeolပါ"Yeol "
ရင်ခွင်ထဲပြေးဝင် ဖက်တွယ်မိသည်။
"Yeolမငိုနဲ့လေ"
Yeolမျက်ရည်တို့ကို ကြည့်ပြီး ရင်ထဲစို့နင့်လာရသည်။
ထို့နောက် သူပါ လိုက်ငိုမိသည်။
....
9.1.2019
( Korea , Seoul)" shixun shixun"
မျက်လုံးကို အလန့်တကြားဖွင့်မိတော့ ငုံ့မိုးကြည့်နေသည့် လူတစ်ဦး...
ဟင် စိုစွတ်နေသည့် မျက်နှာကိုစမ်းမိသည်။
သူ့ပါးနှစ်ဖက်မှာ မျက်ရည်တို့ရွှဲရွှဲစိုလို့..."Shixun သတိရလာပြီလား"
"ငါ ဘယ်ရောက်နေတာလဲ"
သူ့အမေးကို ထိုသူက ကြောင်တောင်တောင်နှင့်ပြန်ကြည့်သည်။
"ဟင် ဖျားပြီး နှစ်ရက်လောက် သတိလစ် သွားတာနဲ့ ဂေါက်တော့မသွားပါဘူးနော်"
YOU ARE READING
"Till the end"(completed)
Romanceမှားယွင်းစွာချစ်ခဲ့မိကြသည့်လူသားနှစ်ယောက်...... အရှင့်ကို ချစ်မိတဲ့ အတွက်ဘယ် တုန်းကမှနောင်တမရခဲ့ဘူး... (Oh chanyeol) ချစ်ခဲ့မိခြင်းကို အမှားလို့ မယူဆခဲ့ရင် နောင်တဆိုတာ ရှိလာမှာမဟုတ်ပါဘူး. #cv by me #chanhun #yaoi #historical