သူ့နာမည်က"မိုးကောင်ကင်"။ သေချာမှတ်ထားကြပါ မိုးကောင်းကင်။ မိုးကောင်းကင်ဆိုသည့်အတိုင်း အထက်ကမဆင်းပါ။ သူနေသည်ကလည်းအမြင့်။ ငါးထပ်တိုက် အဆောင်တွင်သူနေသည်။ တက္ကသိုလ်တက်တာ ကျောင်းကအဆောင်မရတော့သည့်အတွက် အပြင်အဆောင်မှာငှားနေရသည်။ အဆောင်ပိုင်ရှင်၏ဂျင်းထည့်မှုနဲ့အညီ တစ်ယောက်ခန်းဟုပြောပြီး နှစ်ယောက်အတူတူနေနေရသည်။ မိုးကောင်းကင်သည်အသန့်ကြိုက်သည်။ အကောင်းကိုမှစားသည်။ သူဆယ်တန်းပြီးကတည်းက ယောကျာ်းလေးဖြစ်သော်ငြားလည်း မေမေကသူ့ကိုအချက်အပြုတ်တွေအကုန်သင်ပေးထားသည်။ သူ့လက်ရာတိုင်းကအစပ်အဟပ်တည့်နေမြဲဖြစ်သည်။ MRTV - 4 မှအံ့ဝင့်ထွဋ်ချက်လိုက်တိုင်းကွက်တိဆိုသည်လောက်ကတော့ မိုးကောင်းကင်ကပျင်းတောင်ပျင်းပါသေးသည်။ Master Chiefမှာတောင်ဝင်ပြိုင်ရန်သူစိတ်ကူးခဲ့ဖူးသေးသည်။ သို့ပေမဲ့လည်း အခြားပြိုင်ပွဲဝင်တွေသူနဲ့ယှဉ်သည့်အခါ အားငယ်သွားမည်ကိုစိုးရိမ်မိ၍ လက်လျော့လိုက်ခြင်းဖြစ်သည်။ နောက်ထပ်တစ်ခုကတော့ မိုးကောင်းကင်သည် ဉာဏ်အရမ်းကောင်းသည်။ မိုးကောင်းကင်သည် တက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်သည်။
"အမလေး ကျောင်းသွားဖို့တောင်မေ့တယ်"
မိုးကောင်းကင် ချက်ချင်းလွယ်အိတ်ကိုကောက်လွယ်လိုက်ပြီး ငါးထပ်တိုက်ပေါ်မှာဆင်းလာလိုက်သည်။
"နောက်တစ်ခုကတော့ဗျာ ... ကျွန်တော့်ကိုကြိုက်မယ့်ကောင်မလေးကမမွေးသေးတာလားတော့မသိဘူး ... တိုက်အနောက်မှာစိုက်ထားတဲ့ငှက်ပျောပင်တွေကတော့ အဆင်သင့်ဖြစ်နေပြီ"
မိုးကောင်းကင် ခေါင်းလေးခါရမ်းလိုက်ပြီး လှေကားဆက်ဆင်းလိုက်သည်။
"အခန်းဖော်ဆိုတဲ့အကောင် ... ကျွန်တော်နဲ့အသက်အတူတူပဲ ... ပိုပြီးထူးခြားတာက မေဂျာတစ်ခုတည်း တစ်ခန်းတည်း ... ဒီအဆောင်မှာ သူနဲ့အတူတူနေလာတာသုံးနှစ်ကျော်ပြီ ... ကျွန်တော်နဲ့လုံးဝဆန့်ကျင်ဘက်ဗျာ ... သူကဆော်ကြည်တယ် ဘဲပါကြည်သေးတာဗျာ့ ... ဒါပေမဲ့ အရမ်းညစ်ပတ်တယ် ... အဝတ်တွေဆိုပုံထားတယ် ... တကယ့်ပေတီပေစုတ်အကောင် ... သူကတော့ ခန္ဓာကိုယ်တောင့်တောင့်နဲ့ကြွေကြတဲ့ပုံစံပေါ့ဗျာ ... ကျွန်တော်ကတော့ဓာတ်တိုင် ပိန်ပိန်ရှည်ရှည်ဖြစ်နေလို့"
YOU ARE READING
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...