"ရော့မင်းစာအုပ်အဖြစ်သည်းနေလိုက်တာ"
"မင်းဖတ်လိုက်သေးလား"
"ဖတ်စရာလား မင်းရေးလည်းပေါက်ကရတွေပဲရေးမှာလေ"
"တကယ်မဖတ်တာနော် တကယ်နော် ကျိန်းသေတယ်နော်"
"ကျိန်းသေတယ် တကယ်"
"အေး ပြီးတာပဲ ငါအပြင်ခဏသွားလိုက်ဦးမယ်"
"အေး ကြွတော်မူ ကြွ ကြွ"
တကယ်မဖတ်တာတော့ကျိန်းသေပါတယ်နော်။
ကောင်းကင်ကမလိမ်တတ်ပါဘူး။
ကျိန်းသေလောက်ပါတယ်။ထားလိုက်ပါလေ။သူမဖတ်လို့မဖတ်ဘူးပြောတာပေါ့။
အင်း ဟုတ်တယ်။အဲ့လိုပဲကျွန်တော်သတ်မှတ်လိုက်တော့မယ်။သူရိန် မင်းကငါ့ကိုချစ်တယ်ဆိုတော့ ဟင်းဟင်း
တွေ့ကြသေးတာပေါ့သူရိန်ရာ။"အားးးးးလာပါဦး သူရိန်"
"ဘာ ဘာ ဘာဖြစ်တာလဲ"
ညသန်းခေါင်ကြီးအော်သံကြားလို့ အလန့်တကြား
ထပြေးပြီးသွားကြည့်မိပါရဲ့
သောက်သူတောင်းစားက ထယောင်နေတာ။ယောင်တာတောင်အေးဆေးမယောင်ဘူး။သူများနာမည်ကို
အော်ယောင်နေတာ။
ကျွန်တော်လည်းလေဘယ်လိုဟာလေးကိုချစ်မိနေလဲမသိတော့
ပါဘူး။အိပ်ရာထဲကကောင်းကင်ကြိတ်ရယ်နေတာကိုတော့
သူရိန်မသိခဲ့ပါ။"သူရိန် ငါ့ကိုဒါလေးလှီးပေး
ဒါလေးရောပဲ
ဒါလေး ဒါလေး"ခိုင်းလိုက်တာလည်းလွန်ရော။
အခုဆိုဟင်းတွေဘာတွေချက်ရင်ကျွန်တော်ချက်တာလား။
သူချက်တာလား သိပ်တောင်မသဲကွဲတော့ဘူး။"ဟျောင့် သူရိန် ငါဗိုက်ဆာတယ်"
"အဲ့တော့?"
"မုန့်လေးသွားမဝယ်ပေးချင်ဘူးလား"
"ပြော ဘာစားချင်တာလဲ"
"တိုက်အောက်ကသင်္ဘောသီးထောင်းလေးစားချင်တာ
သွားဝယ်ပေးနော်""အေး ခဏစောင့်"
တမင်များခိုင်းနေသလားပဲ။
ထမင်းစားပြီးတာတောင် တစ်နာရီမပြည့်သေးဘူး။
ဗိုက်ဆာတယ်ထဖြစ်ရော။
YOU ARE READING
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...