အားလုံးပဲ ပြန်တွေ့ရတာဝမ်းသာပါတယ်နော်။ကျွန်တော်က မင်းသူရိန်ပါ။ကျွန်တော်တို့ကို ဝင့်လွှာကအခုမှပြန်ခေါ်တာဗျ။
သူကတခြားကလေးတွေနဲ့ပျော်နေပြီးကျွန်တော်တို့ကိုမေ့နေ
တာလေ။စိတ်တောင်ဆိုးချင်လာပြီ😒။
(Aigooစိတ်မဆိုးကြပါနဲ့လို့ ♡)"သူရိန်ရေ သူရိန် မင်းငါ့ပုဆိုးကိုယူဝတ်ပြန်ပြီလား?......"
"အေး အခုဝတ်ထားတယ် ဘာဖြစ်လဲကွာဝတ်တော့......"
"ဟဲ့ သား သူရိန် အဲ့လိုမပြောနဲ့လေ ပြေရာပြေကြောင်းပြောလေ နင်တို့နှစ်ယောက်ဟာလေ ငါလည်းတကယ်စိတ်ညစ်ပါတယ် အားနေ ကိုက်နေကြတော့တာပဲ ရုံးဖွင့်ရက်ပဲကောင်းတယ် ငါတစ်ယောက်တည်းနားအေးတယ်......."
"အမေကလည်း ကောင်းကင်ကလာအော်နေတာကို သားကခံ နေရမှာလား......မသိဘူး အခန်းထဲဝင်လိုက်ဦးမယ်......"
"ကြွ ကြွ ကြွတော်မူ ငါပုတီးစိပ်မလို့တိတ်တိတ်နေကြ ......"
"ဟုတ်ကဲ့ !!!!"(နှစ်ဦးလုံး)
သူရိန် အခန်းထဲဝင်သွားလိုက်သည်။
"ဟျောင့် လာဦး ငါပြောစရာရှိတယ် ......."
ကောင်းကင်ကတိုးတိုးလေးပြောပြီးလက်ယက်ခေါ်လိုက်သည်။
"ဘာလဲ ဘာဖြစ်လို့လဲ ......."
"ငါ့မှာမီးပူတိုက်စရာတွေပုံနေပြီ မင်းတစ်ဝက်တိုက် ....."
"ဟာ မတိုက်ပါဘူး ဒီတစ်ပတ်ကမင်းအလှည့်လေကွာ မရဘူး မင်းပဲတိုက်......."
"အာ အာ သူရိန်ကလည်း ငါလက်နာတယ်လို့ ဟင့် အခုတောင် ကိုယ်တွေလက်တွေကိုက်နေတယ် လုပ်ပါလို့ ဟင့် နော် ......"
ဟာ ဘယ်လိုတွေတောင်လုပ်ပြနေတာလဲကောင်းကင်။
ကလေးပုံစံတွေ နှုတ်ခမ်းတွေလည်းထော် လက်ကိုလည်းအ တင်းဆွဲရမ်းနဲ့ ဟူးးးခက်တယ် ခက်တယ် ချစ်နေတော့လည်းဗျာ.......။"ကဲ ကဲ ငါပဲတိုက်မယ် ငါပဲတိုက်မယ် ......."
"ချစ်တယ်ကွာသူရိန်ရာ ငါTvကြည့်လိုက်ဦးမယ်......."
ဘာ ဘာ Tv!!!!။
"ဟျောင့် ငါကတော့မီးပူတိုက်ရပြီး မင်းကျတော့Tvကြည့်မယ် ပေါ့ မတရားဘူးအဲ့တာတော့ ......"
YOU ARE READING
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...