ကျွန်တော်မန္တလေးရောက်တော့အူလည်လည်နဲ့
ဘယ်သွားလို့သွားရမှန်းမသိ။သို့သော် ကျွန်တော်သူရိန့်အိမ်လိပ်စာတော့အလွတ်ရတယ်။
မေးမြန်းပြီးသွားရတာပေါ့။
ပါးစပ်ပါရွာရောက်၏တဲ့လေ။တစ်ဆင့် တစ်ဆင့်မေးရင်း မေးရင်းနဲ့ နောက်ဆုံးတော့
ကျွန်တော်ရောက်ရှိလာခဲ့ပြီ။အစိမ်းရောင်တိုက်အိမ်လေးသိပ်မကျယ်လှတဲ့ခြံဝန်းလေးနဲ့
ခြံအဝင်မှာစက္ကူပန်းတွေဘယ်ညာအပြည့်စိုက်ထားသည်။ခြံရှေ့ရပ်နေ့တုန်းမြင်လိုက်ရတဲ့မြင်ကွင်းက ကျွန်တော့်
နှလုံးသားကိုဓားနဲ့ထိုးလိုက်သလိုပဲ။သူရိန်က ကလေးတစ်ယောက်ကိုလက်တွဲပြီးလမ်းထဲဝင်လာတာ
ကြီးကိုတွေ့လိုက်ရတယ်။ကျွန်တော်တွေးမိလိုက်သည်က .....
💭ဘာလား။သူရိန်က ကလေးတစ်ယောက်အဖေလား။
လခွမ်း သွားပါပြီ ငါက ကလေးတစ်ယောက်အဖေကြောင့်နဲ့
ဒီအထိတောင်လိုက်လာခဲ့ရတာပေါ့။
မဖြစ်ဘူး။ပြန်မှပဲ။အရှက်တော့အကွဲမခံနိုင်ဘူး။💭"ကောင်းကင် မိုးကောင်းကင်
ဟုတ်တယ်မလား မင်းမလား"အနောက်ကနေအတင်းလိုက်ဆွဲတော့သည်။
နောက်ဆုံးအရူးကွက်နင်းရတော့မှာပဲ။
"ဟာ သူရိန် မတွေ့ရတာတောင်ကြာပြီ ဟင်း"
"မင်းကဒီကိုဘာလာလုပ်တာလဲ"
"ငါလား ငါ ငါ ဟို ငါက ငါက ........
ဟူးးးးမင်းဆီလာတာ😔""ဘာဖြစ်လို့လိုက်လာတာလဲ"
"မသိဘူးကွာ မသိဘူး မင်းက ကလေးအဖေမှန်းသိရင်
ငါလိုက်မလာဘူး လှေနံနှစ်ဖက်နင်းတဲ့ကောင်
သောက်ကျင့်မကောင်းတဲ့ကောင်
၁၀၉ ၁၁၀ကောင် လဒကောင်
ခွေးကောင် သူတောင်းစား .......""နေ နေ နေပါဦး ဘာတွေပြောနေတာလဲ
လာ အိမ်ထဲအရင်လိုက်ခဲ့"ကောင်းကင်ကိုအိမ်ထဲဆွဲခေါ်သွားသည်။
"သားသားရေ သွား ဘွားဘွားဆီသွားနေတော့နော်"
💭မိန်းမလည်းရှိတယ် ငါငိုချင်နေပါပြီနော်💭
YOU ARE READING
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...