အကယ်၍ ကျွန်တော်သာအနာဂတ်ကိုကြိုမြင်နိုင်ခဲ့လျှင် .......
📱Ring Ring📱
"Hel ......."
"ဟျောင့်သူရိန် မင်းအဲ့တာဘာစောက်ချိုး ချိုးတာလဲ"
ဘာကိုမေးလို့မေးမှန်းမသိနဲ့သူရိန်တစ်ယောက်ကြောင်တောင်
တောင်ဖြစ်ရပါသည်။"ဘာကိုလဲကောင်းကင်ရဲ့"
"မင်းပုံကြီးကဘာလို့fbပေါ်မှာပါလာရတာလဲလို့"
"ဟင် ငါ့ပုံ fbပေါ်မှာ ဟုတ်လား ဘယ်တုန်းကလဲ"
"Yarr!!!မင်းကိုယ်မင်းတောင်မသိဘူးလား
ငါဒေါသထွက်လာပြီနော်"သူရိန် စချင်နောက်ချင်စိတ်တွေတဖွားဖွားပေါ်သွားသည်။
"အဟမ်း မင်းကဘာလို့အဲ့လောက်တောင်ဒေါသထွက်နေရတာလဲ
Fbပေါ်ပါနေတာကငါလေ မင်းဘာလို့များဒေါသထွက်နေ
ရတာလဲ""..........."
"မဟုတ်မှလွဲရော မင်း ငါ့ကို သဝန်တိုနေတာလား"
"ဖြစ်ရတယ် ဖြစ်ရတယ် ငါကဘာကိစ္စသဝန်တိုရမှာလဲ
တော်ပြီ မင်းနဲ့မပြောတော့ဘူး ဒါပဲ"ဒီဘက်ကသူရိန်ကတော့ အပျော်လွန်နေသည်။
ဟင် နေပါဦး။ကောင်းကင်ပြောသွားတာ
ကျွန်တော့်ပုံဆိုလားပဲ။ကြည့်ဦးမှပါ။ဖျက်သင့်ရင်ဖျက်ခိုင်း
ရမယ်။"မောင်လေးရေ ကန်းစွန်းပလိန်းရယ်ကြက်ချဉ်စပ်ရယ်တုန်ယမ်းဟင်းချိုရယ်
ထမင်းဖြူ၂ပွဲရယ်ပေးပါနော်"စားမယ့်သူကမှာနေသော်လည်း ကောင်းကင်ကဘေးနား
တွင်Tabletကြီးကိုင်ပြီးငူငူငိုင်ငိုင်ကြီးရပ်နေသည်။💭တောက်!!သူရိန့်ကိုဘယ်သူကကြိုက်ပြန်တာလဲမသိဘူး။
ငါအရင်အဖြေပြန်ပေးထားလိုက်ရမလား။
မဖြစ်သေးပါဘူး။အဖြေတော့ပေးထားလိုက်မှစိတ်ချရမယ်။
မဟုတ်ရင် သူကခြေရှုပ်နေဦးမှာ။အင်း သူ့ကဘာလို့အဲ့
လောက်တောင်ဆော်ကြည်ဘဲကြည်နေရတာလဲမသိဘူး။
သူ့မျက်နှာကြီးဓားနဲ့ခြစ်ထားလိုက်ရင်ကောင်းမလားမသိဘူး။
သူက .......💭"ဒီမှာ!!!!!"
ဘေးနားကလူကထအော်မှပဲသတိပြန်ဝင်လာတော့သည်။
YOU ARE READING
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...