"သူတောင်းစားလေး တော်တော်ဒုက္ခပေးတယ်
မင်းလုပ်တာငါသောက်ထားတာတွေတောင်
ဘယ်ရောက်သွားမှန်းမသိဘူး""နားငြီးတယ်ကွာ"
"နားငြီးအောင်ပြောတာတောင်မင်းက အွန့် ..........."
ဘေးနားမှာချထားတဲ့မျက်နှာသုတ်ပဝါကိုသူရိန့်ပါးစပ်ထဲ
ဆို့ပေးလိုက်သည်။"ထွီ လဒ မူးနေတာတောင်သောက်ကျင့်ကမကောင်းဘူး"
ကောင်းကင်ကတော့ထိုင်လျက်ပဲအိပ်ပျော်သွားသည်။
ကောင်းကင်ကိုနံရံမှာခဏမှီလိုက်ပြီး
အင်္ကျီလဲပေးရသည်။တော်တော်ရှုပ်တဲ့အကောင်ဗျာ။
ကျွန်တော်သောက်ထားတာတွေလည်းပျောက်ကုန်တယ်။
ဟူးးးမောတယ်။"ဟေ့ကောင် ထ ထ ထစမ်း"
ညင်ညင်သာသာပါးရိုက်ပြီးနှိုးတာတောင်
လှုပ်ကိုမလှုပ်တာ။အဲ့တော့သူ့ကိုယ်ကြီးကိုမပြီး ကုတင်ပေါ်ပြန်တင်ပေးရတယ်။
"စောင်အရိုးကောင် လေးလိုက်တာ ဟူးးးးမောတယ်"
သူရိန်လည်းလှည့်ထွက်ရောကောင်းကင်က
သူရိန့်လက်ကိုအားနဲ့ဆွဲချလိုက်သည်။"အု😐"
မထင်မှတ်ဘဲထိကပ်မိသွားတဲ့နှုတ်ခမ်းတစ်စုံ။
သူရိန်လည်းချက်ခြင်းမထဘဲကြောင်နေသည်။
၁၅စက္ကန့်လောက်ကြာမှလန့်ဖြန့်ပြီးထသည်။
ဘာလား။ဘယ်လိုခံစားချက်ကြီးလဲ။
ဒုတ်❤ဒုတ်❤ဒုတ်❤
ဘာလား။ရင်ခုန်သွားတာလား။
မဖြစ်နိုင်တာ။သို့သော် သူရိန် ကောင်းကင်ရဲ့နှုတ်ခမ်းမှအကြည့်မခွာသေးပါ။
ယောကျာ်းလေးဖြစ်ပြီးနှုတ်ခမ်းကအဲ့လောက်တောင်
နူးညံနေရတာလား။သူရိန်သူ့ကိုယ်သူတောင်သတိမထားမိဘဲ ကောင်းကင်၏
နှုတ်ခမ်းတွေကိုနောက်တစ်ကြိမ်ထပ်မံ၍နမ်းမိသည်။နူးညံ့နေတာပဲ။မိန်းကလေးတွေတောင်အဲ့လောက်နူးညံ့မယ်
မထင်ဘူး။
ဒီကောင်ဆေးတွေဘာတွေများထိုးလားမသိဘူး။
YOU ARE READING
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...