ပိတ်စအဖြူအောက်လူသားသည်မည်သည့်ဒဏ်ရာမှမရှိ။
"သူရိန်!!!"
"ဒါဆို မင်းသူရိန်ဆိုတာအတည်ပြုလို့ရပါပြီ မိဘတွေဆီဆက်သွယ်အကြောင်းကြားပေးပါ"
"နေပါဦးဆရာ သူရိန်ကဘာဒဏ်ရာမှမရှိဘဲ ဘာဖြစ်လို့
အခုလို .......""သူက ဒဏ်ရာမရပါဘူး ကားထဲမှာသတိလစ်ပြီးပိတ်မိနေတာ
ကြာသွားလို့ မီးခိုးမွှန်ပြီးအချိန်မမီဖြစ်သွားလို့ပါ
စိတ်မကောင်းပါဘူးဗျာ"ကောင်းကင်ဘာစကားမှမပြောနိုင်တော့ပါ။
ကုတင်ပေါ်တွင်လဲလျောင်းနေသောသူရိန့်အားငေးသာကြည့်
နေမိသည်။"မဟုတ်ဘူး သူရိန် မင်းမသေရဘူး မသေရဘူး
အဲ့တာငါ့ကြောင့် ငါ့ကိုသာလာမတွေ့ရင်မင်းဒီလို
ဖြစ်မှာမဟုတ်ဘူး ငါ့ကြောင့် ငါ့ကြောင့်
မင်းဒီလိုဖြစ်ရတာ"ထိုနေရာတွင်ကောင်းကင်သည် သတိလစ်မေ့မြောကာ
အမှောင်ကမ္ဘာထဲသို့ရောက်ရှိသွားသည်။"သူရိန် သူရိန်!!!!"
ကောင်းကင်အိမ်မက်မှလန့်နိုးလာခဲ့သည်။
ကောင်းကင်လန့်နိုးပြီးမကြာခင်ဖုန်းမြည်လာသည်။"သူရိန် မင်းပြန်ရောက်ပြီလား"
"အေး အခုပဲရောက်တယ်
နေပါဦး မင်းအသံကဘာလို့မောနေရတာလဲ""ငါအိမ်မက်ဆိုးမက်လို့ကွ အိမ်မက်ထဲမှာမင်းသေ
သွားလို့တဲ့"ကောင်းကင်အသံခပ်တိုးတိုးလေးဖြစ်သွားသည်။
"ဟာ ကောင်းကင် အဲ့တာအိမ်မက်ပါ စိတ်ထဲထားမနေနဲ့
အိမ်မက်ဆိုတာပြောင်းပြန်ကောက်ရတယ်
ငါပြောချင်တာကိုမင်းသဘောပေါက်တယ်ဟုတ်""အင်း"
"ငိုမနေနဲ့နော် လျှောက်တွေးမနေနဲ့ ကြားလား"
"အင်း သူရိန်ငါ့ကိုချစ်လား"
"မင်းယုံမယုံတော့ငါမသိဘူး ငါမင်းကိုချစ်တာထက်ပိုတယ်"
"..........."
"ငါအစတုန်းကဆို ငါ့ကိုယ်ငါအရမ်းအံ့ဩမိတယ်
မိန်းကလေးတွေအများကြီးတွဲလာပြီးမှ
ဘာလို့မင်းကိုမှချစ်မိရတာလဲလို့
ESTÁS LEYENDO
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...