အပိုင်း - ၂

25K 1.8K 59
                                    

"ကိုကိုသူရိန်"

အသံကိုကြားလိုက်သည်နဲ့ သူ့ရည်းစားဟောင်းတွေထဲကတစ်ယောက်ဆိုတာ သူသိလိုက်သည်။ သူရိန်ထိုနေရာမှခပ်မြန်မြန်လေးလျှောက်လာလိုက်ပါသော်လည်း ...

"အမေ့!"

အရှေ့ကခဲလုံးကိုမမြင်ဘဲ ခလုတ်တိုက်ပြီးမှောက်လျက်လဲပါတော့သည်။ ရည်းစားဟောင်းအရှေ့မှာမှောက်လျက်ကြီးလဲပြီး သူရိန်အရှက်တွေ ဗြန်းခနဲ ဗြန်းခနဲ ကွဲပါတော့သည်။

"ဪ ကိုကိုသူရိန်ရယ် ... ဖြစ်ရမယ် ထထ ... မတ်တပ်ရပ်ကြည့်ပါဦး"

သူရိန် ရှက်လွန်းလို့မျက်နှာကြီးကိုမမြင်ရအောင် အောင်ရဲလင်းလိုလည်ကြီးစောင်းထားလိုက်ပါသော်လည်း ရည်းစားဟောင်းက သူစောင်းသည့်ဘက်ကိုလိုက်ပြီး သူ့ကိုသေချာလိုက်ကြည့်နေသည်။

"ရတယ် ရတယ် ... ကျေးဇူးပဲ သွားတော့မယ်နော်"

သူရိန် အရမ်းကိုရှက်လွန်းလို့ ထိုနေရာကခပ်မြန်မြန်လျှောက်လာခဲ့လိုက်တယ်။

"အား ရှက်လိုက်တာကွာ ... ရည်းစားဟောင်းအရှေ့မှာမှချော်လဲရတယ်လို့"

မနေ့ကမှ ပုဆိုးတံဆိပ်နဲ့အရှက်ကွဲထားရုံရှိသေး ဒီနေ့ထပ်ပြီး ရည်းစားဟောင်းအရှေ့မှာချော်လဲရပြန်သည်။ ဘယ်လိုတွေတောင် ကံဇာတာတွေတက်နေရတာပါလိမ့်မင်းသူရိန်။

"ရော့ မင်းမုန့်"

သူရိန် မုန့်ကိုပစ်ပေးလိုက်တာ ကောင်းကင်ရဲ့မျက်နှာနဲ့မုန့်ထုပ်နဲ့ညာသွားလေသည်။

"စိတ်ဆိုးတဲ့အသံနဲ့မပြောနဲ့ ဖြည်းဖြည်းပြောတဲ့အသံနဲ့ပြော ... ကောင်းကင်ရေ ဒီမှာ မင်းမုန့်လေးရပြီနော် ... အဲ့လိုလေးပြော"

"လဲသေလေ ... သေတောင်မပြောဘူး ... ငါဒီနေ့ကျောင်းမသွားဘူး ... မင်းဘာသာမင်းသွား"

"ဟင် ဘာလို့ ... ဪ သိပြီ ... ပုဆိုး ပုဆိုး ... ဟားဟား ... ပဲများချင်တာကို ခံပေါ့"

"ငါလည်းမေ့သွားလို့ကွ ... နောက်ကျနေတော့ ဒီအတိုင်းဝတ်ပြီးထွက်လာတာ ... ဒါဆို ကားပေါ်မှာလည်းငါ့ကိုကြည့်ပြီးရယ်နေကြတာဒါကြောင့်ပေါ့"

သူနဲ့ကျွန်​တော်Opowieści tętniące życiem. Odkryj je teraz