Episode 9(Part 1)

16.4K 1.3K 34
                                    

ဒီနေ့ကကောင်းကင်နဲ့တွေ့ရတာနောက်ဆုံးနေ့လို့ပြောရမယ်။
ကျောင်းလည်းပိတ်ပြီဆိုတော့ကျွန်တော်မန္တလေးပြန်ရမယ်။
မေမေကလည်းခေါ်နေပြီ။ဖေဖေ့ကျန်းမာရေးကပိုဆိုးလာတယ်
ဆိုလို့ပြောင်းရတော့မယ်။
အခြေအနေအရ ကျောင်းနောက်ဆုံးနှစ်ကိုမန္တလေးမှာပဲဆက်
တက်ရတော့မယ်။

"ဟျောင့် သူရိန် မင်းကတကယ်ကျောင်းပြောင်းတော့မှာလား"

ထူးအောင်၏အမေးကိုသူရိန်မတုံ့မဆိုင်းဘဲချက်ချင်းဖြေလိုက်
သည်။

"အေး ဟုတ်တယ် ပြောင်းတော့မယ်
အဖေ့ကျန်းမာရေးကပိုဆိုးလာတယ်

ဟိုမှာအမေတစ်ယောက်တည်းလေ
ငါအနားမှာရှိပေးမှရမယ်"

"အေးကွာ ဘယ်တက်နိုင်ပါ့မလဲ
ဒါနဲ့ ကောင်းကင်ရော သိလား"

"အင်း သိတယ်"

"သူဘာမှမဖြစ်ဘူးလား"

"မဖြစ်ဘူး သူ့ကောင်မလေးနဲ့သူပျော်နေတာပဲဟာ
ထားလိုက်ပါ"

"မင်းကကောင်းကင်ကိုမေ့လိုက်တော့မလို့လားသူရိန်"

"အင်းပေါ့ သူလည်းသူ့လမ်းသူလျှောက်နေပြီလေ
ငါနဲ့အတူလျှောက်ရမယ့်လမ်းထက် သူအခုလျှောက်
နေတဲ့လမ်းကပိုဖြောင့်ဖြူးပါတယ်ကွာ"

"ငါလည်းထပ်မပြောချင်တော့ဘူးကွာ မောတယ်"

"မပြောပါနဲ့ ငါမနက်ဖြန်မနက်၈နာရီကားနဲ့ပြန်မယ်"

သူပြောချင်တာတွေပြောသွားပြီးကန်တင်းမှထွက်သွားသည်။
ထူးအောင်ကကန်တင်းတွင်ဆက်ထိုင်နေပြီးစည်သူ့ကိုထိုင်
စောင့်နေသည်။

မနက်ကောင်းကင်နိုးလာတော့သူရိန်မရှိတော့ပါ။

စားပွဲပေါ်တွင်မနက်စာအဆင်သင့်ပြင်ပေးသွားသည်။
စာလေးတစ်စောင်လည်းထားခဲ့သည်။

ကောင်းကင် ငါသွားပြီနော်
မင်းအိပ်ရေးပျက်မှာစိုးလို့ငါမနှိုးတော့တာ
မနက်စာပြင်ပေးခဲ့တယ် စားလိုက်နော်
ငါ့အခန်းထဲကစားပွဲပေါ်မှာငါ့diaryစာအုပ်ရှိတယ်
မင်းဖတ်ချင်ဖတ်ပါမဖတ်ချင်လည်းလွှင့်ပစ်လိုက်
ငါမရှိတော့ရင်ကားပေါ်မှာအိပ်မငိုက်နဲ့နော်
အရင်လိုမင်းဘေးမှာငါမရှိဘူး
ထီးလည်းအမြဲတမ်းယူသွား
ကောင်မလေးနဲ့လည်းအဆင်ပြေအောင်နေ
ထမင်းလည်းအချိန်မှန်မှန်စား
ပါချုပ်ဆီလည်းမရောက်စေနဲ့နော်
ကျန်းမာရေးလည်းဂရုစိုက်
နှာချေရင်သူများဘက်လှည့်မချေနဲ့နော်
လူတိုင်းကငါ့လိုမဟုတ်ဘူး
ကားကြပ်ရင်မစီးနဲ့အရင်လိုကာပေးမယ့်ငါမရှိဘူး
ချောင်တဲ့ကားကိုစောင့်စီး
ပြီးတော့မင်းမသောက်နဲ့နော်
သူများရှေ့မှာမူးပြီးရစ်မှာကိုငါမလိုချင်ဘူး
ငါကျောင်းပြောင်းသွားတော့မင်းပျော်နေမှာပေါ့
အရင်လိုမင်းကိုနှိပ်စက်မယ့်သူမရှိတော့ဘူးလေ
အစပ်တွေအရမ်းမစားနဲ့ဗိုက်အောင့်မယ်
စာကိုလည်းသေချာလုပ်
ကံမကုန်သေးရင်ပြန်ဆုံရမှာပါကောင်းကင် .........

သူနဲ့ကျွန်​တော်Tahanan ng mga kuwento. Tumuklas ngayon