မြန်မာ့ မြန်မာ့ ရုပ်ရှင် ဒန်တန်တန်တန် ဒီဒီတီတီ ဒူဒူတူတူ
ဂွပ်💢
အိမ်ရှေ့မှတစ်ရှူးဘူးလေးသည် သူရိန့်၏ခေါင်းနဲ့မိတ်ဆက်
လျက်။"အာ့ နာတယ်ကွ ဘယ်ကောင်က လက်ယားပြန်တာလဲ"
"မင်းလင် မင်းလင် မိုးကောင်းကင်ဟေ့ ပိတ်ရက်လေးနားနေ
ရမလားမှတ်ပါတယ် စောင်ပါးစပ်ကအငြိမ်ကိုမနေဘူး
ပွစိပွစိနဲ့ တစ်ပြားမှရတာလည်းမဟုတ်ဘဲနဲ့ဆိုနေတယ်""ငါ့ပါးစပ်နဲ့ငါဆိုတာလေကွာ မင်းပါးစပ်ငှားဆိုနေလို့လား"
"ဟာ နားငြီးတယ်ကွာ မင်းပါးစပ်ပိတ်"
"ဟဲ့!!!!ဟိုနှစ်ကောင် ငါဘုရားစာလေးကိုဖြောင့်ဖြောင့်ရွတ်ပါရ
စေ နင်တို့နဲ့လည်းလေ ခက်ပါတယ်"အမေကထအော်မှ တစ်ယောက်နဲ့တစ်ယောက်မျက်စောင်းထိုး
ပြီးငြိမ်ကျသွားသည်။သို့သော် လက်ဟန်ခြေဟန်ဖြင့်စစ်ပွဲက
မပြီးသေးပါ။"ဟဲ့!!!"
တစ်ယောက်ကTvဘက်မျက်နှာပြန်လှည့်သွားပြီး တစ်ယောက်ကဖုန်းဆီအကြည့်ပြန်ရောက်သွားသည်။
"ဟျောင့် မင်းနော် မင်း"
"ဘာဖြစ်လဲ ပြောလေ ပြော"
တစ်ယောက်နဲ့တစ်ယောက်အံကြိတ်ပြီးပြောနေဆဲပင်။
"မင်းဒီညအပြင်ထွက်အိပ်"
ကောင်းကင်၏စကားတစ်ခွန်းက သူရိန့်မျက်လုံးတို့ကိုပြူး ကျယ်သွားစေသည်။
"ဘေဘီလေးကလည်းကွာ ခုဏကကိုယ်ကစတာ ချစ်လို့လေကွာ နော် ကိုယ်ကအရမ်း အရမ်းချစ်လို့"
သူရိန် ဒီလိုဖြစ်သွားရတဲ့အကြောင်းက တစ်ခြားကြောင့်
မဟုတ်ပါ။သူတို့အခန်းထဲတွင်သာအဲကွန်းရှိသည်။
အပြင်ထွက်အိပ်ရင် အပူဒဏ်ကိုသူမခံနိုင်လို့ပြောနေခြင်းဖြစ်
သည်။"ကိုယ့်ရဲ့ဘေဘီလေး ချစ်လို့လေ ချစ်လို့ များကြီးချစ် ဘေဘီလေးကမဆိုနဲ့ဆိုလည်းကိုယ်မဆိုတော့ပါဘူး
အခန်းအပြင်တော့ထွက်မအိပ်ပါရစေနဲ့လေ နော် နော်"သူရိန် ကောင်းကင်၏ပုခုံးကိုဖက်ကာ လက်ကလည်းဟိုတို့ဒီတို့နဲ့ ကြာလာတော့ ကောင်းကင် ယားလာသည်။
YOU ARE READING
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...