အကယ်၍ကျွန်တော်သာအနာဂတ်ကိုကြိုမြင်နိုင်ခဲ့လျှင်......
"ဘာ မင်းရန်ကုန်လာမယ် တကယ်လားသူရိန်"
"အင်း တကယ်ပြောတာ ဒီတစ်ခါကျောင်းပိတ်ရက်
ငါလာမယ် မင်းကိုငါအရမ်းတွေ့ချင်နေပြီ""ဘယ်အချိန်ကားလဲ ဘယ်နေ့လဲ"
"အင်း **ရက်နေ့ည**နာရီကား မင်းလာကြိုစရာမလိုဘူး
အိမ်ကပဲစောင့်နေ ငါ့ဘာသာငါလာခဲ့မယ်""ဟာ ငါလာကြိုမယ်လေကွာမင်းကလည်း"
"အေးဆေးအိပ်နေပါကောင်းကင်ရာ ငါရောက်ခါနီးရင်
ဖုန်းဆက်လိုက်မယ်""အင်း ပြီးတာပဲလေ ဖုန်းတော့ဆက်နော် ငါစောင့်နေမယ်"
"အင်း ဒါဆို ငါဖုန်းချလိုက်တော့မယ်နော် ဝယ်သူလာပြီ"
"အေးအေး"
သူရိန်နဲ့ကောင်းကင်နှစ်ဦးစလုံးရင်ခုန်နေကြသည်။
ချစ်သူရည်းစားဖြစ်ပြီးပထမဦးဆုံးအကြိမ်တွေ့ရခြင်းမဟုတ်
လား။
သူငယ်ချင်းအနေနဲ့တုန်းကနဲ့တော့ဘယ်တူနိုင်ပါမည်နည်း။တစ်ယောက်လာမယ့်ရက်ကိုတစ်ယောက်ကစောင့်ရင်း
ရင်ခုန်နေကြသည်။ညဘက်လည်းလေလှိုင်းပေါ်ကစကားတွေပြောရင်း
နေ့ရက်တွေကိုကုန်ဆုံးခဲ့ကြသည်။📱Ring Ring📱
"ပြော ကောင်းကင်"
"ထမင်းစားပြီးပြီလား"
"အင်း ပြီးပြီ"
"ငါဒီနေ့လေ ကားပေါ်မှာအိပ်ငိုက်တာမှတ်တိုင်ကျော်ပါသွား
တယ်သိလား ဟီး""ဖြစ်ရမယ် မှတ်တိုင်ကျော်ပါသွားတာကကိစ္စမရှိဘူး
မင်းကိုတို့ဆေးနဲ့ခေါ်သွားမှာပဲငါစိုးရိမ်တာ""ခေါ်သွားတော့လည်းပျော်ပျော်ကြီးလိုက်သွားမှာ"
"ဟျောင့် မနောက်နဲ့ ငါအတည်ပြောနေတာ"
"အေးပါကွာ မစိုးရိမ်ပါနဲ့ ဒီမနက်ကအစောပိုင်းTutoရှိတော့
ငါစောစာထရတယ်လေ အဲ့တာကြောင့်အိပ်ငိုက်သွားတာ""အင်းပါ နောက်မငိုက်နဲ့နော် မင်းတစ်ခုခုဖြစ်ရင်
ငါသေမှာ မင်းသိလား အခုတောင်အသေလွမ်းနေတာ
ဘယ်လောက်တောင်သည်းခံနေရလဲ"
YOU ARE READING
သူနဲ့ကျွန်တော်
Romance[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်ကြပါနော် Date - 8.12.2018 [Zawgyi]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစ...