🍓 ᴛʜʀᴇᴇ

8.4K 888 119
                                    


ဘုန်း !!!!

" အ !  "

ဘုန်း !!!!

" နောက်တစ်ယောက် "

တဘုန်းဘုန်း တအအဆိုသည့်အသံတို့ထွက်ပေါ်ရာ အရင်းအမြစ်သည် LIGHT ဂျူဒိုအသင်းသားများ လေ့ကျင့်နေရာ ဂျူဒိုအားကစားခန်းမထဲကပင် ။

များစွာသော ၊ ဝသော ၊ ပိန်သော ၊ ရှည်သော ၊ ပုသော အစရှိသည့် ကစားသမားတို့အားတစ်ယောက်ပြီးတစ်ယောက် ကိုင်ပေါက်ကာ လေ့ကျင့်နေသော ကြက်တောင်စည်းနှစ်ခုနဲ့ပါပီပေါက်စ ။

ချန်ပီယံဆုပိုင်ရှင်လို့ မပြောရအောင် ဂျူဒိုအသင်းထဲတွင် သူထက်စီနီယာကျသော တတိယနှစ်အသင်းသားတို့တောင် သူ့ကိုမနိုင်သည့်အပြင် နည်းပြပြောထားလို့ အသက်ငယ်သော်လည်း စီနီယာများ၏တလေးတစားဆက်ဆံခြင်းကိုခံရ၏ ။

အခုလည်းကြည့်ရတာ စာမေးပွဲစစ်နေသည်ထင်သည် ။ စက်ဝိုင်းပုံစံ ဝိုင်းပြီးထိုင်နေသောအသင်းသားတို့၏အလယ်တွင် တစ်ယောက်ပြီးတစ်ယောက်ကိုခေါင်းငုံ့နှုတ်ဆက်ပြီး ကိုင်ကိုင်ပေါက်နေတဲ့ကလေးမသာလေး ။ လူကောင်သာသေးတာ ဇကမသေး ။

အရပ်ပုသလောက်အားကလည်းကြီးပါ့ ။ ကိုယ့်ထက်ဒေါင်ကောင်းပြီး ဝသောလူတစ်ယောက်ကိုသာ အသာလေးလှဲချလိုက်တဲ့ကလေးမသာလေး ။

တကယ်ပဲ Park Chan Yeolဆိုတဲ့ ကျွန်တော်မချီးကျူးပဲကိုမနေနိုင် ။ လက်ဖျားခါတယ် ။

" ဟျောင့် ! Chanyeol ဂျူဒိုအသင်းရဲ့အားကစားခန်းမဝမှာ ကုန်းကုန်းကွကွနဲ့ဘာတွေချောင်းကြည့်နေတာလဲ အွင်းး Ya...!! "

အာပြဲနဲ့အနားသို့ရောက်လာသောJonginရဲ့ပါးစပ်အား ကျွန်တော်လက်နဲ့ အမြန်လှမ်းပိတ်လိုက်တော့ သူ့ပါးစပ်ကို လှမ်းပိတ်တဲ့ ကျွန်တော့်လက်ကို ဖြုတ်ချပြီး အသံတိတ်လျက် ' ဘာလို့ပါးစပ်လာပိတ်တာလဲ 'ဆိုတဲ့ ပုံစံဖြင့်မေးလာမော့သောအခါ ကျွန်တော် သူ့ပခုံးကိုလှမ်းဖက်လိုက်ပြီး ဟစိဖြစ်နေသည့် တံခါးဝမှ ခေါင်းချင်းဆိုင်ချောင်းစေပြီး ...

" ဟိုကကလေးမသာကိုချောင်းနေတာကွ ! တိတ်တိတ်လေးနေ ဟိုကငါတို့လာချောင်းနေတာကို သိသွားမှ အလကားနေအလကား အကိုင်ပေါက်ခံနေရမယ် "

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now