" ဟျောင့် Park Chan တော်တော့ !! ... မင်းအရမ်းများနေပြီ "" သောက် .. သူငယ်ချင်း Chanyeol ... အားလုံးမေ့သွားအောင်သောက်သာသောက်ပစ် ! "
" YA!! Oh Sehun .. မင်းကကွာ !! .. ကိုယ့်သူငယ်ချင်းကိုမတားတဲ့အပြင်မင်းကပါအားပေးပြီးပြိုင်သောက်နေတယ်ဟုတ်လား! ဟမ်!! "
ဆက်သောက်ဖို့ဟန်ပြင်နေသည့်သူငယ်ချင်းနှစ်ယောက်၏လက်ထဲမှအရက်ခွက်တို့အားဆွဲလုပြီး ဟန့်တားနေသောJongin၏ဟန့်တားမှုတို့သည်အရာမဝင်ခဲ့ ။
သူ့လက်ထဲကအရက်ခွက်တို့အားကိုယ်စီပြန်လုယူပြီးတစ်ကြိုက်တည်းမော့သောက်လိုက်သည့်သူငယ်ချင်းနှစ်ယောက်ကြောင့် Jonginတစ်ယောက်ခင်ဗျာစိတ်အတော်ပိန်မိသည် ။
အသည်းကွဲလို့သောက်တဲ့သူနဲ့ ။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြီးသောက်တဲ့သူနဲ့ ။ ထိုသို့ခေါင်းစဉ်အသီးသီးနဲ့သောက်နေတဲ့သူငယ်ချင်းနှစ်ယောက်ကြားထဲညှက်နေမိသည့်သူ့ကိုယ်သူပင် သူအတော်လေး သနားစိတ်ဖြစ်မိသည် ။
" Park Chan Yeol တော်တော့လို့ငါပြောနေတယ်လေ မင်းဆက်ပြီးသောက်နေရင်အန်ဖက်ဆို့ပြီးသေသွားလိမ့်မယ်ကွ ကောင်စုတ်ရဲ့ "
" သေပါစေ ... ငါသေမှအေးမှာ .. ငါသေမှငါ့အသက်ကလေးခံစားနေရတာတွေလျော့ကျသွားမှာ "
" တကယ်ပဲ .. မင်းနဲ့Baekhyunချစ်သူတွေဖြစ်နေတာကို Noonaကတစ်စက်ကလေးမှကိုမသိဘူးလားဟမ်!! "
" အဟက် ... Noonaလားသိမှာ ! "
" ................. "
" မင်းမသိဘူးJongin ... ငါအရမ်းချစ်ရတဲ့ငါ့ရဲ့အသက်ကလေးကလေ Noonaကိုသိပ်ချစ်တတ်တဲ့မောင်အလိမ္မာလေးကွ ... သူ့Noonaစိတ်ဆင်းရဲမယ့်ကိစ္စဆို ဘယ်တုန်းကမှမလုပ်တတ်တဲ့သူ .. အထူးသဖြင့်ငါနဲ့သူနဲ့ချစ်သူတွေဖြစ်နေတာကိုငါ့ကိုကြိုက်နေတဲ့သူ့Noona သိသွားပြီး စိတ်မကောင်းဖြစ်မှာစိုးလို့တမင်မပြောပြပဲ ဖုံးဖိထားခဲ့တာကွ ... အခုလည်းကြည့်လေ .. သူ့ခံစားနေရတာတောင်အပြုံးတုတွေကိုပန်ဆင်ပြီးသူ့ Noonaကိုဘာမှမဖြစ်ပါဘူးဆိုပြီးပြောပြီး ရင်ထဲမှာတစ်ယောက်တည်းကြိတ်ခံစားနေတာ .. အဟင့် .. င့ါ .. ငါ့အသက်ကလေးဘယ်လောက်တောင်ပင်ပန်းနေလိုက်မလဲ ... ငါလေ .. ငါတကယ်မကောင်းဘူးJongin .. ငါက ငါ့အသက်ကလေးရဲ့နှလုံးသားကိုဒဏ်ရာတွေပဲ ဆက်တိုက်ပေးနေမိတယ် .. မုန်းတယ် .. သတ္တိကြောင်တဲ့ အသက်ကလေးကိုငိုစေခဲ့တဲ့ နာကျင်စေခဲ့တဲ့ငါ့ကိုယ်ငါ အ ရမ်း မုန်း တယ် ..... "
BẠN ĐANG ĐỌC
|| STRAWBERRY || 【SEASON -I】《COMPLETED》
Lãng mạnCHANBAEK FAN FICTION [ UNICODE + ZAWGYI ]