🍓 ᴛᴡᴇɴᴛʏ - sᴇᴠᴇɴ

6.4K 983 113
                                    


" ဒီနေ့ဘာနေ့လဲဆိုတာ မင်းသိလားChanyeol "

" ငါတို့လမ်းခွဲကြရအောင် Baekhyunee "

ညာဘက်လက်ကကြင်နာသူကိုယ်တိုင်ပတ်ပေးခဲ့သည့်
အနီရောင်ချည်ကြိုးလက်ပတ်လေးပေါ်သို့ပေါက်ခနဲကျသွားခဲ့သောမျက်ရည်တစ်စက် ။

နှလုံးသားနာကျင်လျက်နဲ့မကြည့်ချင်လို့မျက်နှာလွဲထားခဲ့သည့်ကြင်နာသူ၏မျက်နှာလေးအားသူမဝံ့မရဲလေးတစ်ချက်ပြန်လှည့်ကြည့်လိုက်တော့ သူထင်ထားခဲ့သလို သူနဲ့ထပ်တူထပ်မျှဝမ်းနည်းနေဖို့မပြောနဲ့မျက်ရည်တစ်ချက်တောင်မဝဲပဲခပ်အေးအေးနဲ့ပင်ပြောနေသောကြင်နာသူကြောင့်ဝဲဘက်ရင်ဘတ်ထဲကနှလုံးသားနာကျင်မှုတို့သည်နှစ်ဆတိုးလာခဲ့ရသည် ။

" အကြောင်းပြချက်ကဘာလဲ ! .. ဘာတဲ့လဲ ! လမ်းခွဲတဲ့ အကြောင်းပြချက်က ! "

အတက်နိုင်ဆုံးငိုသံသိပ်မပေါက်သောအသံနှင့်မြင်လွှာချထားတဲ့ကြင်နာသူ၏မျက်ဝန်းတစ်စုံအားသူစေ့စေ့စိုက်ကြည့်ပြီးပြန်မေးလိုက်တော့ ခဏတာအကြည့်ချင်းဆုံနေသော မျက်ဝန်းနှစ်စုံမှပထမဦးဆုံးအကြည့်လွဲခဲ့ပြီး သူ့နဲ့ဆန့်ကျင်ဘတ်အရပ်မျက်နှာသို့မျက်နှာလွဲသွားခဲ့သောကြင်နာသူ ။

ဘာလို့လဲ ! ။လမ်းခွဲဖို့တောင်ဆုံးဖြတ်ခဲ့ပြီးပြီပဲ ။ အခုမှ ဘာလို့လမ်းခွဲစကားကိုသူ့မျက်ဝန်းတစ်စုံကိုစေ့စေ့ပြန်စိုက်ကြည့်ပြီးမပြောရဲရတာလဲ ! ။

" လောကကြီးကိုဆန့်ကျင်တဲ့အချစ်နဲ့ငါတို့ရှေ့ဆက်ပြီး
ချစ်နေဖို့မလွယ်ကူတော့ဘူး Baekhyunee "

" အဲ့ဒီမလွယ်ကူတော့ဘူးဆိုတဲ့အချစ်နဲ့ပဲ ငါတို့နှစ်ယောက်စလုံးလေးလေးနက်နက်ချစ်ခဲ့ကြတယ်မဟုတ်ဘူးလား ! "

" မဟုတ်ဘူး ..  လေးလေးနက်နက်ချစ်ခဲ့တာမဟုတ်ဘူး  .. ဒီအတိုင်း .. ငါ .. ခဏတာ .. စိတ်ကစားမိခဲ့တာ "

~ စိတ်ကစားမိခဲ့တာ .. မဟုတ်ဘူး .. မင်းစိတ်ကစားခဲ့တာမဟုတ်ဘူး .. မင်းငါ့နှလုံးသားကိုပညာသားပါပါလှလှပပကြီးကစားပြခဲ့တာChanyeol ~

" Park Chan Yeol ! ! ! "

" ငါအမှန်တိုင်းပြောတာBaekhyunee .. ငါမင်းအပေါ်ကိုခဏတာစိတ်ကစားမိခဲ့တာ အဲ့ဒါကြောင့်တစ်ချိန်က ငါတို့ရဲ့သက်တံ့ဆေးရောင်ခြယ်အချစ်ကောင်ကင်ကြီးကိုဒီနေ့ကစပြီးမေ့ဖျောက်ပစ်လိုက်တော့ "

|| STRAWBERRY || 【SEASON -I】《COMPLETED》 Donde viven las historias. Descúbrelo ahora