" သေနာကြီး နှာဘူးကောင်ကြီး အနောက်ကလိုက်လာပြီးချော့လည်းမချော့ဘူး ဟွန့် ! မုန်းချင်စရာကြီး "
သစ်ပင်ကြီးရဲ့တုတ်တုတ်ခိုင်ခိုင်ပင်စည်ကြီးကိုပတ်ရိုက်ထားသည့်ခုံတန်းလျားရှည်လေးတွင်ထိုင်နေရာမှ ခြေဆောင့်ကာကောက်ချိတ်နေမိသည့်ကျွန်တော် ။ ရင်ဝယ်ပိုက်ထားသောသူဝယ်ပေးထားသောဝက်ဝံအရုပ်လေးအပေါ်သို့သာ သူ့အလားမှတ်ယူပြီးဒေါသတွေကိုသာပေါက်ကွဲကွာအပြစ်ပုံချ၍ထုထောင်းလို့နေမိသည် ။
ဘယ်လိုကောင်မှန်းမသိဘူး ။ အဖြေလိုချင်တော့ငမ်းငမ်းတက် ။ အခုကျတော့လည်း စိတ်ကောက်သွားတာကိုတောင်လိုက်မချော့နိုင်တဲ့အပြင် ဘယ်နေရာမှာများ သွားပြီးမသာပေါ်နေသလဲမသိ ။
ဟွန့် . . တစ်စက်ကလေးမှကိုချစ်စရာမကောင်းတဲ့သေချင်းဆိုးနားကား ။ ပေါ်လာပါစေဦး ။ လူအရှေ့ကိုပေါ်လာမှစိတ်ရှိတိုင်းအားရပါးရကိုဖက်နမ်းပစ်မယ်မှတ် ။
" ကိုကို "
ခေါ်သံလေးနဲ့အတူကျွန်တော့်အရှေ့သို့အဖြူရောင်မိုးပျံပူဖောင်းလေးတစ်လုံးကိုကမ်းပေးလာသောကျစ်ဆံမြှီးလေးနှစ်ဖက်နဲ့ချစ်စရာကလေးမလေးတစ်ယောက် ။
" ကိုကို့ကို ပေးတာလား ! "
ပြန်မေးလိုက်သောကျွန်တော့်အားခေါင်းလေးတဆက်ဆက်ညိတ်ပြပြီးလက်ထဲမိုးပျံပူဖောင်းလေးကိုချည်ထားတဲ့ကြိုးစလေးကိုလွဲပြောင်းထည့်ပေးပြီးအရှေ့ကနေပြန်ပြေးထွက်လို့သွားခဲ့လေသည် ။
" အတော်ပဲ .. လိုချင်နေတာနဲ့ .. အဟိ "
ကိုင်ထားတဲ့မိုးပျံပူဖောင်းလေးကိုမော့ကြည့်ရင်းပြုံးလိုက်မိသည့်ကျွန်တော်သည် အများအမြင်တွင်ကလေးဆန်လွန်းသည်ဟုထင်ကောင်းထင်နိုင်လိမ့်မည် ။
သို့သော် ဤလိုကလေးဆန်လွန်းသည့်အရာသည်ကျွန်တော့်အတွက်ကတော့စိတ်ကိုလွတ်လပ်ပေါ့ပါးစေလွန်းသည့်အပြင်ခေါင်းထဲမှစိတ်ညစ်စရာတွေကိုပါဖြေလျော့ပေးနိုင်သော တစ်ခုတည်းသောနည်းလမ်းတစ်ခုပင်ဖြစ်သည် ။
" ကိုကို "
" ကိုကို "
" ကိုကို "
![](https://img.wattpad.com/cover/169870815-288-k489587.jpg)
YOU ARE READING
|| STRAWBERRY || 【SEASON -I】《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]