• မပြုံးနဲ့ •• ဘာလို့လဲ ! •
• ရင်ခုန်လို့ •
• ဟမ်!! •
• ငါ့ရင်တွေတားမရအောင်ခုန်နေလို့ ရူးတော့မယ် •
" အားးးးးး ငါတော့ရူးချင်တာပဲ !!! သေချင်းဆိုးနားကား အူကြောင်ကြားကောင် ဘာတွေလာပြီးဂေါက်ထနေလဲမသိဘူး အဲ့ကောင်ဂေါက်ကြောင်ပြောတိုင်းအလိုက်ကမ်းဆိုးမသိ တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ဘတ်ကလည်း ဆိုင်ဂလုန်းမုန်တိုင်းဝင်နေတာကျနေတာပဲ ရူးတော့မယ် !!!!!! "
ကုတင်ထပ်တွင်စောင်ကိုရင်ညွှန့်အထိ ဆွဲခြုံထားပြီး ညနေကဖြစ်ပျက်သွားခဲ့သောအဖြစ်အပျက်အား ပြန်တွေးတောရင်းကုတင်ထပ်တွင် လွန့်လူးနေသော Baekhyun ။
တီကောင်ကိုဆားနဲ့တို့လိုက်သလိုပင် ကုတင်ထပ်တွင် အသေပင်လွန့်လူးနေလွန်းလို့အရှိန်မထိန်းနိုင်ကာ စောင်နဲ့လုံးထွေးပြီးကုတင်အောက်သို့ပင် ဘုတ်ခနဲပြုတ်ကျသွားခဲ့လေသည် ။
" မောင်လေး ကြမ်းပြင်ပေါ်မှာပက်လက်လဲပြီး ဘာလုပ်နေတာလဲ ! "
ရုတ်တရက်ပိတ်ထားသော အခန်းတံခါးပွင့်လာသည်နှင့်အတူဒွန်တွဲပါလာသည့်အစ်မဖြစ်သူစကားကြောင့် ကိုယ်ဖြစ်ပျက်နေတဲ့အခြေအနေအားတစ်ချက်ပြန်ရှိူးပြီး စောင်နဲ့လုံးထွေးပြီးလဲနေရာမှ ငုတ်တုတ်လေး ထထိုင်လိုက်သော Baekhyun ။
သူခိုးလူမိသလိုပုံစံမျက်နှာပေးလေးဖြင့် မျက်ဝန်းတစ်စုံအား အငြိမ်မထားပဲ တောင်ကြည့် ၊ မြောက်ကြည့် လိုက်ကြည့်ရင်း ဖွယောင်းနေသော သူ့ဆံပင်လေးအား လက်ဖြင့် အသာသပ်လိုက်လျက် ...
" ဟို .... ဒီ ... ဒီအတိုင်း ကုတင်နဲ့ပဲအမြဲအိပ်နေရတော့ကြမ်းပြင်ပေါ်အိပ်တာ ဘယ်လိုနေလဲဆိုတာသိချင်လို့ အဲ့ဒါ ခဏလှဲကြည့်တာ ဟီးးးး "
" ဟင် ! "
ကြမ်းပြင်ပေါ်တွင်ဂွမ်းစောင်အဖြူလေးနဲ့ လုံးထွေးပတ်မိပြီး ငုတ်တုတ်လေးထိုင်ကာ သွားတိုက်ဆေးတွေ အသေပစ်ရောင်းရင်းသူမအမေးကို ပြန်ဖြေပေးနေသော မောင်ဖြစ်သူကိုကြည့်ပြီး သူမကြောင်တအမ်း အမ်း ဖြစ်နေ မိသည်မှာ ယခုကဲ့သို့ သူမမောင်ဖြစ်ပျက်နေသည့် ထိုပုံစံအား သူမတစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးခဲ့သည့်အတွက်လည်းဖြစ်ကောင်း ဖြစ်သည် ။
YOU ARE READING
|| STRAWBERRY || 【SEASON -I】《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]