" Ya!!! ခြံစည်းရိုး မင်းငြိမ်ငြိမ်မနေနိုင်ဘူး ဟမ်!! ငါပုံကောင်းကောင်းမထွက်လို့ကတော့ မင်းကြောင့်ပဲ မှတ် !! "
နားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖိအုပ်ထားသော်လည်း
သူ့ရဲ့ခပ်စူးစူးဝါးဝါးအသံက နားထဲသို့စူးခနဲပင်တိုးဝင်လို့လာ ။တော်တော်အသံအောင်တဲ့ဟာလေး ။ အရင်ဘဝက ခေါင်းလောင်းတွေများ မြိုချပြီးသေခဲ့သလားအောင်းမေ့ရသည် ။ လူကောင်သေးသလောက်အသံကပြဲနေတာပဲ ။
" Ya!!! နားကား မင်းရဲ့ကားနေတဲ့ နားရွက်နှစ်ဖက်ကို
အုပ်ထားတဲ့ လက်နှစ်ဖက်ကိုအောက်ချ ! ငါနေခိုင်းသလိုအသက်တောင်မရူပဲ ငြိမ်ငြိမ်နေလေး ထိုင်နေ ! "" အမ်!! YA !!! အသက်မရူပဲနေရင် ငါသေသွားမှာပေါ့ကွ ငလူး ကလေးမသာလေးရဲ့ !! "
" ဘာမှလာမပြောနဲ့ မသိချင်ဘူး ငါနေခိုင်းသလိုနေ ! ဘာအထွန့်မှလာမတက်နဲ့ အထွန့်တက်လို့ကတော့ နောက်နေ့ ငါ့ခြံရှေ့ကတောင် ဖြတ်လျှောက်လို့မရအာင်လို့ မင်းရဲ့ခြေထောက်နှစ်ချောင်းစလုံးကို ငါရိုက်ချိုးပစ်မယ်မှတ် !! "
ကြိမ်းချက်9ကျော် ။ ဒီကလူကလည်း သူ့Noonaကိုတွေ့ချင်နေတာမလို့ ဒီသေချင်းဆိုးလေးခိုင်းသလိုလုပ်ပေးနေရတာ ။ လွယ်တယ်လို့တော့ မထင်လိုက်နဲ့ ။
အခုကျွန်တော်ရောက်နေသည့်နေရာက ဟိုမသာလေးရဲ့ခြံထဲ ။ ဖြစ်နေသည့်ပြဿနာသည်ကား မနက်ဖြန် တနင်္လာနေ့ဖြစ်သည့်အတွက် ကျောင်းပိတ်ရက်မှာ အိမ်စာမလုပ်ပဲ လိုက်ကမြင်းနေတဲ့ တသေဆိုးလေး ။
သူ့ကို ပန်းချီဆရာမပေးလိုက်တဲ့ပုံတူပန်းချီကားတစ်ချပ် ဆွဲခဲ့ရမယ့်အိမ်စာအား မလုပ်ရသေးတာကို သတိရပြီး သူ့ခြံထဲသို့ ပန်းချီဆွဲဖို့ဆင်းအလာ ။ သူ့အိမ်သို့အလည်လာတဲ့ကျွန်တော့်ကိုတွေ့တာနဲ့ ဆွဲလားရမ်းလားလုပ်ပြီး သူပန်းချီဆွဲဖို့အတွက် modelလုပ်ခိုင်းခြင်းအဖြစ်ပင် ။
ပုံတူပန်းချီပဲဆွဲနေတာလား ။ စာရွက်ပေါ်ခဲတံနဲ့ပဲ လျှောက်ခြစ်နေသလားမသိ ။ နေ့ခင်းနေ့လယ် နေလုံး ခေါင်းပေါ်တည့်တည့်သို့ရောက်နေသည့်အချိန် နေပူကြီးထဲ ကျွန်တော့်ကိုကုလားထိုင်တစ်လုံးနဲ့ထိုင်ခိုင်းပြီး နေရိပ်ထဲတွင်ပုံထိုင်ဆွဲနေတဲ့သူ ။၂နာရီတိတိရှိပြီ ။ ကျွန်တော့်ကိုနေပူတည်းထိုင်ခိုင်းပြီး နေရိပ်ထဲမှာပန်းချီဆွဲနေတဲ့ ကိုယ်ချင်းမစာတတ်တဲ့ သေချင်းဆိုးလေး ။
![](https://img.wattpad.com/cover/169870815-288-k489587.jpg)
YOU ARE READING
|| STRAWBERRY || 【SEASON -I】《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]