🍓 ɴɪɴᴇᴛᴇᴇɴ

6.7K 1K 161
                                    

Knock Knock !!!!

" သားလေး အောက်မှာကျောင်းသွားဖို့Junလေးစောင့်နေတယ် ကျောင်းသွားဖို့ပြင်ပြီးရင်အောက်ထပ်ကိုမြန်မြန်ဆင်းလာခဲ့နော် သားလေး "

အခန်းပြင်ဘက်မှတံခါးခေါက်သံနှင့်အတူကြားလိုက်ရသောMaMaစကားကြောင့်မှန်သားပြင်ပေါ်ထင်ဟပ်နေသော ကိုယ့်ရုပ်ကိုကိုယ်ပြန်ကြည့်ရင်းငူငေါင်နေရာမှ သတိပြန်ဝင်လာမိသောကျွန်တော် ။ အသည်းကွဲသည်ဟူလည်းမဆိုနိုင် ။ နှလုံးသားလေးမှာနည်းနည်းလေး အက်ကြောင်းအက်သွားခဲ့ရသည့်အတွက်သက်သာလို သက်သာကြောင်း ဆံပင်အရောင်နဲ့ပုံစံအားပြောင်းလဲထားသည့်ကျွန်တော့်၏ရုပ်အသွင်သည်ကိုယ်ပေါ်၌ဝတ်ထားသောကျောင်းအင်္ကျီအဖြူလေးနှင့်သွားလိုက်ဖက်ညီလို့နေ ။

ပါးပြင်လေးကိုသာသာလေးလက်ဖဝါးလေးနှစ်ဖက်ဖြင့်နှစ်ချက်ဆင့်ရိုက်ပြီးသက်ပြင်းတစ်ချက်ချကာပါးစပ်မှလေပူတစ်ချက်ကိုခပ်ပြင်းပြင်းလေးမှုတ်ထုတ်လိုက်လျက်ကျင့်သားရအောင်စိတ်မပါစွာတစ်ချက်ပြုံးရယ်လိုက်ပြီး စာကြည့်ခုံပေါ်မှလွယ်အိတ်ကိုဆွဲယူပြီးအောက်ထပ်သို့ပင်ဆင်းလာခဲ့သည် ။

" ဘာလား .. ပြောတော့ ငါ့ကိုကျောင်းသွားဖို့လာခေါ်တာဆို .. အခုကျတော့ မုန်လာဥမစားရတာကြာတဲ့ယုန်ပေါက်လိုပဲ .. ကိတ်မုန့်တွေကိုပါးစပ်ထဲမဆန့်မပြဲထိုးထည့်နေပါရောလား "

မနက်စာစားသည့်အခန်းဝတွင်လက်ကလေးပိုက်ပြီးစနောက်ကာပြောလိုက်သောကျွန်တော့်စကားအားကြားလိုက်ရသည်နှင့် မျက်လုံးပြူးလေးဖြင့်ပြန်မော့ကြည့်လာသောJunတစ်ယောက် ။

ကျွန်တော့်ကို ရုတ်တရက်ကြီးတွေ့လိုက်ရလို့အံ့သြသွားသည်ထင်သည် ။ ပါးစပ်ထဲကစားလက်စကိတ်မုန့်တို့ပါ အပြင်သို့ပြန်ထွက်လာပြီးဆိုင်းမဆင့်ဗုံမဆင့်ထ၍သီးပါလေရဲ့ ။

" Baek! .. အဟွတ် ... အဟွတ် "

" ဟယ် .. သားငယ်ကတော့နောက်ပြန်ပြီ .. ဒီမှာ သားJunလေးသီးကုန်ပြီ .. သားJunလေး ရော့ ကော်ဖီ သောက်လိုက်ဦး "

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now