🍓 ᴛᴡᴇɴᴛʏ - ᴏɴᴇ

7.5K 1K 86
                                    


မစီးတာကြာပြီဖြစ်သောစက်ဘီးလေးအားစတိုခန်းမှဆွဲထုတ်ပြီးဖြေးဖြေးချင်းနင်းကာ ခြံထဲမှအထွက် တွေ့လိုက်ရသည့် မျက်နှာချင်းဆိုင်ခြံအရှေ့တွင်မာဖလာအပြာရောင်လေးအားမျက်နှာလေးတစ်ဝက်မြှုပ်သည်အထိပတ်ထားပြီးဝတ်ထားသည့်အနွေးအင်္ကျီအိတ်နှစ်ဖက်ထဲသို့လက်ကလေးတစ်စုံကိုထည့်ကာရပ်နေသောကျွန်တော့်သေးသေးလေး ။

" တက် .. ကိုယ့်အသက်ကလေး "

သူ့အရှေ့သို့ရောက်သည်နှင့်မြေပြင်ပေါ်သို့ခြေထောက်တစ်ချောင်းထောက်ကာစက်ဘီးရပ်လိုက်ပြီးစက်ဘီးအနောက်ခုံသို့တက်ရန်မျက်စပစ်ပြပြီးပြောလိုက်တော့စက်ဘီးအနောက်ခုံလေးကိုတစ်ချက်ကြည့်ပြီးတစ်ဖန်လူကိုဂြိုလ်ကြည့်ပြန်ကြည့်လာကာ ...

" ဘာအသက်ကလေးလဲ! .. ဘောကိုအသက်ကလေးလား! "

ချစ်ရသောသူသည်မှာဤကဲ့သို့ရိုင်းစိုင်းပြီးမRoတတ်သောပါပီစွာစွာကလေးပင် ဖြစ်သည် ။

ကြည်နူးပြီးRoရမလားလို့စိတ်ထဲသူ့အတွက်သီးသန့်ထားထားတဲ့ချစ်စနိုးလေးနဲ့အသက်ကလေးလို့ကိုယ်စားပြုနာမ်စားလေးကိုသူကြားရအောင်တစ်ခါလောက် ထုတ်ခေါ်မိလိုက်ပါရဲ့ ။

မကြည်နူးမRoရတဲ့အပြင်သူ့ဆီမှသာယာနာပျော်ဖွယ်
ဆဲသံလေးတွေနဲ့အီးညစ်မရလို့ဒေါကန်နေတဲ့ပါပီရုပ်ပုံအသွင်လေးတွေကိုအစစ်တောင်ပြန်ရလိုက်သေး ။

" မင်းဘာဖြစ်လို့အင်္ကျီပါးပါးလေးတွေပဲဝတ်ပြီးအပြင်ကိုထွက်ထွက်ရတာလဲ ဟမ် ! .. မင်းပုံကိုမင်းပြန်ကြည့်ဦးရုပ်ကိုကြွက်စုတ်ရေနစ်ထားလို့ ချမ်းနေတဲ့အခွက်နဲ့မာဖလာကလည်းမပတ်လာပြန်ဘူး အဟင်းးး ငါ ဘယ်လိုကောင်နဲ့လာတွေ့နေသလဲမသိဘူး တကယ့်ကို စိတ်ပျက်ချင်စရာကြီး "

ပါးစပ်ကလေးကတွတ်ပွတွတ်ပွဖြင့်ပြောရင်းသူဝတ်ထားတဲ့မာဖလာလေးကိုချွတ်ပြီးလည်ပင်းကိုလာပတ်ပေးတဲ့သေးသေးလေး ။ တကယ်တမ်း လူကိုပစ်ထားပြီးနေနိုင်တာလည်းမဟုတ်ပဲနဲ့ ။

ဘယ်ရမလဲ ။ ဒီကလူကလည်းအချဉ်မဟုတ်ဘူး ။ အဲ့လိုမျိုး သူဂရုစိုက်ပေးတာလေးတွေကိုလိုချင်လို့ သက်သက်ကိုအအေးခံပြီးအင်္ကျီပါးပါးလေးတွေကိုပဲတမင်ရွေးဝတ်ပြီးထွက်လာခဲ့တာ ။ အဟက် .. အခုတော့ ... ကိုယ့်အကြံအစည်တွေအလုပ်ဖြစ်ခဲ့ပြီလေ ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now