သတ်မှတ်အချိန်ပြည့်သွားသည်နှင့်ထွက်ပေါ်လာသောကျောင်းဘဲလ်အသံကြောင့်ဖြေပြီသားစာဖြေလွှာတို့အား လိုက်ပြန်သိမ်းဆည်းနေသောစာမေးပွဲအခန်းစောင့်ဆရာမ ။
" ကဲ နှုတ်ဆက်ကြ "
သိမ်းဆည်းပြီးသောအဖြေလွှာတို့အားရင်ဝယ်ပိုက်၍ နှုတ်ဆက်ရန်အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက်တည်းထိုင်နေရာမှထရပ်လိုက်သော 3-1အတန်းရဲ့အတန်းခေါင်းဆောင် Sehun ။
" အားလုံး .. နှုတ်ဆက် "
တိုင်ပေးလာသောSehunစကားအဆုံးအသီးသီးသောအတန်းသားအတန်းသူများသည်မိမိ၏ခန္ဓာကိုယ်အား မတ်လိုက်၍မိမိအရှေ့မှစာမေးပွဲခန်းစောင့်ဆရာမကိုသာတည့်တည့်ကြည့်လာကြပြီး ...
" မင်္ဂလာပါဆရာမ .. ကျေးဇူးတင်ပါတယ်ဆရာမ "
တစ်ပြိုင်နက်တည်းထွက်ပေါ်လာသောနှုတ်ဆက်စကားအဆုံးပြုံးယောင်သန်းသွားတဲ့ဆရာမ၏မျက်နှာ ။
" မင်္ဂလာပါကွယ် "
ထို့နောက်အတန်းထဲဝယ်ဆရာမထွက်သွားပြီဆိုသည်နှင့်ဝါးခနဲထွက်ပေါ်လာသော အတန်းသားတို့၏ အသီးသီးတွတ်ထိုးပြောဆိုနေကြသောဆူညံပူညံစကားသံများ ။
စာမေးပွဲနောက်ဆုံးရက်ဖြစ်သည့်အပြင်နောက်ဆုံးကျန်ရှိသည့်ဖြေရမည့်ဘာသာရပ်ကိုပါဖြေဆိုပြီးသွားသည့်အတွက်အတန်းထဲတွင်အရင်လိုစာကျက်သံတို့နှင့်ဆူညံ့မနေပဲစကားပြောသံရယ်သံများဖြင့်သာဆူညံ့ပွတ်လောရိုက်၍နေသည်မှာအပြင်ကနေလှမ်းကြည့်လိုက်လျှင်တိုင်းပြည်ပျက်နေသည့်အလား ။
" ဝါးးးး အိပ်ချင်လိုက်တာ "
" ဗိုက်ဆာတယ် "
တစ်ဦးဆီမှတစ်ယောက်တစ်ပေါက်စီ စီစီရီရီထွက်လာတဲ့သူငယ်ချင်းဖြစ်သူJonginတို့စကားသံတွေကြား သူမသိမသာသက်ပြင်းလေးသဲ့သဲ့လေးချလိုက်မိသည် ။
စာမေးပွဲဖြေသည့်၆ရက်လုံးလုံးမတွေ့ရမမြင်ရသည့် လူတစ်ယောက်ကိုသာအလွမ်းကြီးလွမ်းဆွတ်၍နေမိသည်မှာ သူ့နှလုံးသားထဲတွဲကပ်ဆွဲငြိဖြစ်တည်နေသောဖြေဆေးမမှီ ။ တော်တော်ဆိုးဝါးလှသည့် ဗိုင်းရစ်ရဲ့လက္ခဏာတစ်ရပ်ပင် ။

YOU ARE READING
|| STRAWBERRY || 【SEASON -I】《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]