" Morning MaMa ... Morning PaPa "
အပေါ်ထပ်ကနေ ကျောင်းသွားဖို့အတွက် ပြင်ဆင်ပြီးလွယ်အိတ်လေးကို တစ်ခြမ်းစောင်းလွယ်ကာ ခုန်ပေါက်ဆင်းလာခဲ့သော Baekhyun ။ ခေါင်းမှာလည်း သူအမြဲစည်းနေကျဖြစ်တဲ့ ကြက်တောင်စည်းနှစ်ခုလေးနဲ့ ။
မနက်စာစားပွဲဝိုင်းတွင် မနက်စာထိုင်စားနေသော သူ့အမေနဲ့ မနက်စာစားပြီးလို့ ခဏတစ်ဖြုတ် သတင်းစာထိုင်ဖတ်နေသော သူ့အဖေရဲ့ ပါးပြင်လေးတို့အား တစ်ချက်ဆီ နမ်းရှိုက်ပြီး သူ့နေရာ၌ဝင်ထိုင်လိုက်သည် ။
ထို့နောက် မနက်ပိုင်းဂျူဒိုလေ့ကျင့်ရေးအတန်းရှိသည့်အတွက် အတန်းချိန်နောက်မကျစေရန် အိမ်အကူဒေါ်ကြီး လာချပေးသော မနက်စာကိုသာ ခေါင်းလေးငုံ့ပြီး အမြန်စားလေသည် ။
" Morning မေမေ ... Morning ဖေဖေ "
သူ နှုတ်ဆက်သလိုပုံစံမျိုးဖြင့် နှုတ်ဆက်ပြီး သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ခုံ၌ဝင်ထိုင်လိုက်သော အစ်မဖြစ်သူSo Riအား ဟင်းရည်သောက်ရင်းမော့ကြည့်လာသော Baekhyun ။
ရုတ်တရက်စိတ်ထဲအကြံတစ်ခုရသွားသည်ပုံစံလေးဖြင့် သူ့မျက်ခုံးလေးတစ်ဖက်ကို တစ်ချက်ပင့်တင်လိုက်ပြီး ပြုံးလျက် ...
" Noona "
" ဟင် "
သူခေါ်လိုက်တော့ သူမပေါင်မုန့်ယိုသုတ်ရင်း သူ့ကို တစ်ချက်ပြန်ကြည့်လာပြီး ထူးသံပေးလိုက်သည့်အခါ ...
" Noona ညက အိမ်ရှေ့မှာ ဟိုအကောင်နဲ့ ဘာတွေပြောနေတာလဲ "
သူလှမ်းမေးလိုက်သော စကားလေးအဆုံး မနက်စာငုံ့စားနေသော Ms.Byunနှင့် သတင်းစာဖတ်နေသော Mr.Byunတို့၏ မျက်လုံးအစုံတို့သည် သူမ၏ မျက်နှာထက်သို့ အလည်ရောက်ရှိသွားခဲ့သည် ။
" ဘယ်ကောင်လဲ သား ... သားမမ ဘယ်ကအကောင်နဲ့ အိမ်ရှေ့မှာတွေ့နေတာလဲ ဟင် မေမေကို ပြောပြစမ်းသားလေး "
သူမ မျက်နှာကိုစွေကြည့်ပြီး သူ့ဘက်ကို မျက်နှာပြန်မူကာ မေးလာသော သူ့အမေ၏ အမေးစကားအဆုံး သူ့ရဲ့အကြံအစည် အောင်ပြီလို့ဆိုကာ ပြုံးပြောနေသော သူ့အား So Riမကျေနပ်သော မျက်စောင်းလေးတွေဖြင့် ခပ်စွေစွေစောင်းချိတ်ကြည့်ပြီး မနက်စောစောစီးစီး နှုတ်မှ အသံတိတ်နည်းဖြင့် တွတ်ပွတွတ်ပွနဲ့ မေတ္တာတွေ ပို့သရပေတော့သည် ။
![](https://img.wattpad.com/cover/169870815-288-k489587.jpg)
ESTÁS LEYENDO
|| STRAWBERRY || 【SEASON -I】《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]