🍓 ᴛᴡᴇɴᴛʏ - ɴɪɴᴇ

7.2K 997 71
                                    


" ငါမင်းကိုနမ်းချင်တယ် Chanyeol "

ရုတ်တရက်ဆန်စွာမထင်ထားမှတ်သောသူ့ဆီမှစကားတစ်ခွန်းကြောင့်ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရသော ကြင်နာသူ ။

" ငါတို့မဖြစ်သင့်တော့ဘူး Baekhyunee "

အစိတ်စိတ်အမွှာမွှာကြေကွဲနေရာမှထိုသေးငယ်သောအစိတ်အပိုင်းလေးအားနှစ်ခြမ်းထပ်၍ခွဲစေကာနာကျင်မှုပိုစေခဲ့သောကြင်နာသူ၏တုံ့ပြန်စကား ။

~ ငါ့ကိုနှုတ်ဆက်အနမ်းလေးတစ်ပွင့်တောင်မပေးချင်လောက်အောင်ပဲ မင်းဘက်ကတကယ်ပဲပြတ်သားသွားခဲ့ပြီလား Chanyeol ~

တဖြေးဖြေးပြေလျော့သွားခဲ့သောကြင်နာသူ၏လက်ကလေးတစ်ဖက်အားဆုပ်ကိုင်ထားခဲ့မိသည့်သူ့ရဲ့လက်ကလေးတစ်ဖက်နှင့်အကြည့်ချင်းဆုံနေရာမှဦးစွာလွဲသွားခဲ့သောသူ့မျက်ဝန်းလေးတစ်စုံ ။

'ဆွဲလို့မထားရက်ဘူး'လို့သာနှုတ်ကဖွင့်ဟခဲ့ပေမယ့် တကယ်တမ်းရင်ထဲမှာတော့သိပ်မကြာခင်ဆုံတွေ့ရမယ့်ဇာတ်သိမ်းခန်းလေးတွင်ကြည်နူးမှုပျော်ရွင်မှုတို့ခံစားရအောင် နှလုံးသားလေးကဆက်ဆွဲထားခဲ့ချင်ပေမယ့်လည်း မရင်းနှီးလှသောနှုတ်ဆက်လမ်းခွဲခြင်းဆိုသည့်လမ်းအလယ်ခေါင်တွင်မျက်နှာချင်းဆိုင်ရပ်နေမိသည့်ကြင်နာသူနှင့်သူနဲ့ကြားထဲတွင်အဖြူရောင်ဆိုသည့်စည်းလေးသည်ကားတားခြင်းခွင့်မပြုပဲသူ့အမိန့်ကိုလွန်ဆန်ကာ စည်းလေးတားလို့သွားခဲ့ရပြီမို့ ။ ကြေကွဲနေသောနှလုံးသားလေးဖြင့် ရင်တွင်းပြဇာတ်လေးကိုကန့်လန့်ကာချကာတစ်ခန်းရပ်ခဲ့ရသည်မှာသူ့အတွက်တော့ကြေကွဲစရာဇာတ်လမ်းတစ်ပုဒ်ပင် ။

နောက်ဆုံးတော့ သက်တံ့ဆေးရောင်ခြယ်ကောင်းကင်ပြာကြီးထက်ဝယ်ပျံသန်းဖို့စိတ်ကူးယဉ်ခဲ့သည့်သူတို့နှစ်ယောက်ရဲ့အချစ်အတောင်ပျံလေးတွေ ကျိုးပျက်စီးသွားခဲ့ရပြီလေ ။

" အဟက် .. ကြည့်ရတာ ငါစိတ်နည်းနည်းလွတ်သွားတယ်ထင်တယ် .. Sorryကွာ .. ငါစိတ်နှောက်ပြီး ပေါက်ကရတွေပါးစပ်ကပြောချင်သလိုပြောမိလိုက်လို့ "

" ရပါတယ် ငါတို့ကသူငယ်ချင်းတွေပဲမဟုတ်လား "

~ သူငယ်ချင်း ! ။ အင်း .. နှလုံးသားချင်းနီးစပ်ခဲ့တဲ့ သူငယ်ချင်း ~

|| STRAWBERRY || 【SEASON -I】《COMPLETED》 Dove le storie prendono vita. Scoprilo ora