အပိုင်း -၁💙

105K 4.7K 305
                                    

သင်္ဃန်းကျွန်းမြို့နယ်ထဲရှိ လူသိများသည့် သုဝဏ္ဏဟူသောမြို့လေးတစ်မြို့။ ထိုမြို့လေးထဲရှိ ၂၅ရပ်ကွက်၊ ကသစ်မြိုင်လမ်းလေးပေါ်ရှိ တိုက်ခန်းလေးတစ်ခုတွင်ဖြစ်သည်။ ဒေါ်ကေသီစိုးသည် သူမ၏သားဖြစ်သူ အိပ်ပုတ်ကလေးကိုနှိုးရန်အတွက် သူမ၏သားလေးအခန်းအရှေ့သို့ရောက်လာသည်။ သူမ အခန်းတံခါးကို ခေါက်လိုက်သည်။

"သားသား! ယံယံလေးရေ ထတော့ ... ဘယ်အချိန်ရှိနေပြီလဲ"

ဒေါ်ကေသီစိုးသည် သားဖြစ်သူကိုမနက်အိပ်ရာနှိုးရမည့်အစား ကျားဖင်သာသွားနှိုက်လိုက်ချင်မိသည်။

"သားသားရေ ...ယံလေးရေ ... ထတော့ကွယ်"

"သားသားနိုးသေးဘူး မေမေ"

မနိုးသေးတဲ့လူကအခန်းထဲမှပြန်ပြောနေတော့ ဒေါ်ကေသီစိုးအားပါးတရရယ်လိုက်မိသည်။ ခဏနေတော့ မိုးပြာရောင်ဆေးသုတ်ထားတဲ့အခန်းတံခါးလေးပွင့်လာသည်။ ထိုအခန်းထဲမှပုပုလုံးလုံးနဲ့ ကလေးလေး "မင်းဝေယံ" ထွက်လာသည်။

"မေမေ့ယံယံလေးနိုးပြီပဲ"

ပုပုလုံးလုံးသူမ၏သားလေးကို သူမကောက်ချီလိုက်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို မွှေးကြူပစ်လိုက်သည်။

"ယံယံ ဒီနေ့ကျောင်းတက်ရမယ်လေ ... အဲ့တာကြောင့်မေမေကစောစောလေးလာနှိုးတာ"

"ဟင့် အဟင့် ... မတက်ချင်ဘူး ... ကျောင်မသွားဘူး ... ကျောင်းမသွားဘူး

"အို! ယံယံလေးရယ် ကျောင်းမတက်ရင်သားသားကို‌ဒေဝေါကြီးလာရိုက်လိမ့်မယ်နော်"

"မေမေအဲ့လိုပြောလာတာ သားငါးတန်းရောက်လာပြီ ... အခုမကြောက်တော့ဘူး"

"တကယ်ရောက်လာမှ မေမေ့ကိုလာမခေါ်နဲ့နော်"

"ဟင့် မေမေလူဆိုးကြီး"

"မေမေ့သားလေးကလိမ္မာပါတယ် ဟုတ်တယ်မလား"

"ဟုတ်! သားသားကလိမ္မာတယ်"

ကလေးဆိုတော့လည်း ချော့တစ်ခါခြောက်တစ်လှည့်ဖြင့် သူမပြောရသည်။

"ရေချိုးတော့နော် ... မေမေမုန့်စားဖို့စောင့်နေမယ်

"ဟုတ် ... မေမေသားသားရဲ့ပါပီလေးရော"

Yan Yan's Oo💙Where stories live. Discover now