"သား လာပါဦး'
"ပြောအဖေ ဘာပြောချင်လို့လဲ"
"အင်း အဖေ သားနဲ့ယံယံ့ရဲ့အခြေအနေကိုသိချင်လို့ပါ"
"ယံယံက ကျွန်တော့်ကိုလမ်းခွဲစကားပြောတယ်
အဖေပေးစားတဲ့မိန်းကလေးနဲ့ပဲယူလိုက်ပါတဲ့""သား ဒီအချိန်မှာသားဆုံးဖြတ်လိုက်ပါ ယံယံ့ကိုရွေးမလား
အဖေ့ကိုရွေးမလားဆိုတာ အဖေ့ကိုရွေးမယ်ဆို သားစီစီနဲ့
လက်ထပ်ရမယ် ယံယံ့ကိုရွေးမယ်ဆိုရင်တော့ အဖေမျက်နှာ
ပျက်မှာတွေဘာတွေစဉ်းစားမနေပါနဲ့တော့""အဖေ အဖြေကိုသိမယ်ထင်ပါတယ်"
ဖခင်ဖြစ်သူကပြုံးလိုက်သည်။
"သိပါတယ် သားယံယံ့ကိုပဲရွေးမယ်ဆိုတာသိပါတယ်
သတ္တိကြောင်မနေနဲ့တော့သား""ဒါပေမဲ့ ကလေးက အတင်းငြင်းနေတယ်အဖေ"
"ငါကူညီပေးမှာပေါ့ဟ ဟွင်းဟွင်း"
ဘယ်အချိန်ကတည်းကချောင်းနားထောင်နေမှန်းမသိတဲ့
နန်းရတီကတိုင်အနောက်ကထွက်လာသည်။"Believe me bro😌"
ဒီတစ်ခါတော့ နန်းရတီကြိုးဆွဲရာ စိုင်းမင်းနောင်ကရတော့သည်။
"မေမေရေ မေမေ သားကျူရှင်သွားပြီနော်"
"အေးအေး ဂရုစိုက်သွားနော်"
"ဟုတ်"
ယံယံ သူ့အနောက်ကစိုင်းမင်းနောင်လိုက်နေမှန်းသိပါသည်။
သို့သော် သူလှည့်မကြည့်ပါ။သွားရမယ့်လမ်းကိုသာဆက်သွား
သည်။ယံယံ ကျူရှင်ထဲသို့ဝင်သွားသည်အထိရပ်ကြည့်နေသည်။
ခဏကြာတော့ ယံယံရဲ့သူငယ်ချင်းကောင်မလေးရောက်
လာသည်။"ညီမလေး ခဏ"
ယံယံ့ရဲ့သူငယ်ချင်းကောင်မလေးကိုလှမ်းခေါ်လိုက်သည်။
"ဒါလေးကိုလေ မင်းဝေယံကိုပေးပေးပါနော် အကိုပေးတယ်
လို့မပြောနဲ့နော် ညီမလေးဝယ်ကျွေးတယ်လို့ပဲပြောလိုက်ပါ
နော်""ဟုတ်"
"ပြီးတော့ အကိုအကူအညီလေးတစ်ခုလောက်တောင်းချင်လို့"
YOU ARE READING
Yan Yan's Oo💙