လူ့ဘဝမှာတော့ အရာအားလုံးသည်ဖြောင်းဖြူးနေသည်မရှိပါ။ တစ်နေရာရာမှာတော့ အချိုးအကွေးဆိုတာအမြဲကြုံရတတ်ပါသည်။
"အဖေ သားမှာချစ်သူရှိတယ်"
"အဖေသိတယ် ... မင်းယံယံနဲ့တွဲနေတာအဖေသိတယ်"
မိမိကတော့အရဲစွန့်ပြီးပြောလိုက်ရသည်ကို အဖေဖြစ်သူကသိနေတယ်ဆိုတော့ စိုင်းမင်းနောင်ပြန်ပြီးအံ့သြသွားရသည်။
"ဗျာ! အဖေသိတယ် ... ဘယ်သူပြောတာလဲ"
"မင်းညီမပြောလို့အဖေသိတယ် ... ဒါပေမဲ့သားရယ် တစ်ဖက်ကအဖေတို့ရဲ့ကျေးဇူးရှင်လေ မင်းငယ်ငယ်လေးကတည်းကအဖေတို့လူကြီးချင်းစကားပြောထားကြတာ"
အကြောင်းကတော့ စိုင်းမင်းနောင်ငယ်စဥ်ကလေးဘဝကတည်းက သူတို့မိသားစုအပေါ်မှာကျေးဇူးကြွေးတွေရှိခဲ့ဖူးသည့်မိတ်ဆွေတစ်ယောက်၏သမီးလေးနဲ့ စိုင်းမင်းနောင်ကိုထိမ်းမြားလက်ထပ်ပေးရန် သဘောတူထားကြခြင်းဖြစ်သည်။
"အဖေ ဘာလို့စောစောစီးစီးအဲ့လိုပြောရတာလဲ ... ပြီးတော့ ကျေးဇူးရှင်ကကျေးဇူးရှင်ပဲလေ တခြားနည်းနဲ့ကျေးဇူးဆပ်လည်းရပါတယ် ... သားလက်မခံနိုင်ဘူး ... သား မင်းဝေယံလေးကိုဘယ်လိုသွားပြောရမှာလဲ ... မိန်းမယူပါတော့မယ်လို့သွားပြောရမှာလား ... ကျွန်တော်လုံးဝလက်မခံနိုင်ဘူး"
"သား အဲ့လိုမလုပ်ပါနဲ့ကွာ ... အဖေ့ဘက်ကိုလည်းကြည့်ပါဦး ... ခဏနေသူတို့ရောက်လာတော့မှာ အဖေမျက်နှာမပျက်ချင်ဘူး"
"အဖေဗျာ ..."
"ဖေဖေ့ကိုဒီတစ်ခါတော့သမီးစိတ်ဆိုးတယ်"
ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာကြတော့မှ ဒီကိစ္စကိုထုတ်ပြောသည့်အဖေ့ကို သားရောသမီးရောစိတ်ဆိုးကြသည်။ နန်းရတီလည်းစိတ်ဆိုးပြီး အခန်းထဲပြန်ဝင်သွားသည်။ စိုင်းမင်းနောင်လည်း စိတ်ညစ်လို့ သူ့ညီမလေးအနောက်ကိုလိုက်သွားသည်။
"ညီမလေး ငါဘာလုပ်ရမှာလဲ ... ငါအဲ့မိန်းကလေးကိုတော့မယူနိုင်ဘူး ... ငါလည်းမချစ်ဘဲ ဘာလို့ယူရမှာလဲ ... ပြီးတော့ ကလေးမျက်ရည်ကျမှာတွေငါမလုပ်ချင်ဘူး"
YOU ARE READING
Yan Yan's Oo💙