Part 18💙

26.6K 1.9K 122
                                    

"အဖေ!"

"အဖေလည်းဘယ်လိုမှမတတ်နိုင်လို့ပါသားရယ်"

"အဖေဗျာ ကျွန်တော်ပြောထားရဲ့သားနဲ့ အခုတော့ဗျာ"

စိုင်းအဖေ၏လုပ်ငန်းခွင်ထဲတွင် ဆောက်လက်စအဆောက်အဦး
ရုတ်တရက်ပြိုကျမှုကြောင့်အလုပ်သမားများထိခိုက်မှုများပြား
ခဲ့သည်။
ထို့ကြောင့် အလုပ်သမားများအတွက်လျော်ကြေးပေးရမည်။
သို့သော် ပိုက်ဆံအားလုံးနီးပါးကို ဤအဆောက်အဦးထဲတွင်
ရင်းနှီးထားရသောကြောင့် ငွေကြေးအခက်အခဲဖြစ်ခဲ့ရသည်။
လုပ်ငန်းခွင်ကိုသေချာစီစစ်မှုမရှိသောကြောင့် တရားလည်း
အစွဲခံရမည်။ပျက်စီးမှုကြောင့်ဆုံးရှုံးထားတာတွေကြောင့်
မည်သူတစ်ဦးတစ်ယောက်ကမှကုမ္မဏီကိုစိတ်မဝင်စားပါ။
ထို့ကြောင့် ကံကြမ္မာကစီစီ့လက်ထဲတွင်သာရှိသည်။

"စီစီကအကျိုးမရှိရင်မလုပ်တတ်ဘူး"

စားပွဲခုံပေါ်မေးထောက်ရင်းပြောလိုက်သည်။

"Okမင်းကဘာလိုချင်လဲ"

"စီစီလိုချင်တာ ကိုစိုင်းသိမှာပါ"

"မသိဘူး ပြောလေ မင်းကဘာလိုချင်တာလဲ"

"စီစီက ကိုစိုင်းကိုလိုချင်တာလေ ဟက် ကိုစိုင်းသာ
စီစီနဲ့လက်ထပ်မယ်ဆို စီစီကအားတက်သရော
ကူညီပေးမှာပါ ဒီ့အတွက်လည်းကိုစိုင်းအချိန်လိုမယ်လို့
ထင်ပါတယ် အချိန်သုံးရက်ပေးမှာပါ စဉ်းစားကြည့်ပါ
ဖခင်နဲ့အချစ်ဘယ်ဟာရွေးမလဲပေါ့ စီစီပြန်နှင့်မယ်နော်
နောက်သုံးရက်မြောက်နေ့ နေ့လယ်၁၂နာရီဒီနေရာမှာပဲစီစီ
စောင့်နေမယ်"

စိုင်းအတွက်အခြေအနေကကြပ်တည်းလွန်းသည်။
ယံယံ့ကိုလည်းလက်မလွှတ်နိုင်ပါ။
ဖခင်ဖြစ်သူကိုလည်းထောင်ထဲမပို့နိုင်ပါ။
အလွန့်အလွန်ကိုခက်ခဲလှပါသည်။

"ညီမလေး ငါဘာလုပ်ရမှာလဲ ပြောပါဦးဟာ"

"ကိုကြီး ငါ ငါ ငါဘာပြောရမှန်းတောင်မသိတော့ဘူးဟာ
ယံလေးကနင့်ကိုအတင်းမေးနေပြီဟ"

"အေး ငါသူနဲ့မတွေ့တာ နှစ်ရက်ရှိပြီ သူမေးလောက်ရောပေါ့
အမှန်တော့ ငါသူ့ကိုမျက်နှာချင်းမဆိုင်ရဲဘူးဟာ"

Yan Yan's Oo💙Where stories live. Discover now