အပိုင်း - ၄💙

40.6K 2.9K 273
                                    

နှစ်တွေအလီလီပြောင်းလဲခဲ့သည်က အခုဆို မင်းဝေယဲလေးလည်းဆယ်တန်းရောက်ပြီး လူပျိုပေါက်ကလေးဖြစ်လာပြီ။ စိုင်းမင်းနောင်လည်းလက်ထောက်ဆရာဝန်ဘဝကိုဖြတ်သန်းနေရလေပြီ။ နှစ်တွေအလီလီမှာ မင်းဝေယံလေးနဲ့တွေ့ဖြစ်လိုက် မတွေ့ဖြစ်လိုက် အလုပ်ကလည်းတစ်ဖက်မို့ စစတွေ့ချင်းကလို ကစားပေး အိမ်လာလည်လိုက်နဲ့လုပ်၍မရတော့ မင်းဝေယံလေးကသူ့ကို‌ခဏခဏစိတ်ဆိုး စိတ်ကောက်သည်။ ညီမနန်းရတီကတော့အဲ့လိုမဟုတ် မင်းဝေယံလေးဆီသွားလိုက် အိမ်ပြန်ရောက်လာရင် ယံယံလေးကလေ ယံယံလေးကလေနဲ့ပြောပြလိုက်နဲ့ ဒီကလေးငယ်လေးအပေါ်သံယောဇဥ်အတော်ရှိနေပြီဖြစ်သည်။ ဒီနေ့လည်း မင်းဝေယံလေးနဲ့မတွေ့ရတာကြာပြီမို့ မုန့်လေးတွေဝယ်လာရင်း စိုင်းမင်းနောင်အိမ်မှထွက်လာခဲ့လိုက်သည်။

"မင်းဝေယံ ထွက်လာခဲ့ ... နင်ဆေးခန်းမသွားလို့မရဘူး"

"မထွက်ပါဘူး ... ယံယံဆေးပဲလိမ်းမယ် ... ဆေးပဲသောက်မှာ ဆေးခန်းမသွားဘူး"

မင်းဝေယ့တစ်ယောက်ကျူရှင်မှာရန်ဖြစ်လာရင်း ဒဏ်ရာရလာသည်ကြောင့် ဒေါ်ကေသီစိုး သူမ၏သားကိုဆေးခန်းသွားရန်ကြိမ်းမောင်းနေခြင်းဖြစ်သည်။ ဆေးရုံ ဆေးခန်းဆို သေမလောက်ကြောက်သည့်ယံယံသည် အခန်းတံခါးကိုအတင်းပိတ်ထားပြီး ခေါင်းမာနေလေသည်။

"မင်းဝေယံ အမေစကားကိုနားထောင်လေ ... နင်အဲ့မှာပိုးဝင်ပြီးသေလိမ့်မယ်ဟဲ့"

"မဝင်ပါဘူး ... သားအုပ်ထားတယ် ပိုးဝင်လို့မရဘူး"

"ဟဲ့ အဲ့လိုပြောလို့ရမလားဟဲ့ ... ထွက်ခဲ့စမ်းပါဟယ် ... ငါမောလာပြီ"

"သားဘာမှမဖြစ်ဘူးလို့ ... မေမေလုပ်စရာရှိတာသွားလုပ်တော့နော် ... သားလည်းစာလုပ်လိုက်ဦးမယ်"

"မင်းဝေယံ! ... ယံယံ မေမေပြောတာနားထောင်လေ ... အနာမပျောက်ရင် စာမေးပွဲမဖြေနိုင်ဘဲနေမယ်"

ဆယ်တန်းပထမနှစ်ဝက်စာမေးပွဲကလည်းဖြေခါနီးပြီမို့ မင်းဝေယံနေမကောင်းဖြစ်ပြီး စာမေးပွဲမဖြေနိုင်မှာကိုလည်းစိုးရိမ်ရသေးသည်။

"မသွားဘူး ... ဆေးထိုးအပ်တွေ ဆေးတွေကိုမုန်းတယ် ... ပြီးတော့ ဆေးခန်းအနံ့ကြီးကိုလည်းမုန်းတယ် ... မသွားဘူး"

Yan Yan's Oo💙Where stories live. Discover now