ယံယံ ပညာတော်သင်ဝင်ဖြေခဲ့သည်။သုံးခါမြောက်ဝင်ဖြေမှ
ရရှိခဲ့သည်။ကိုရီးယားသို့ပညာတော်သင်သွားရမည်။
ရပ်ဝေးမြေခြားဖြစ်သည့်အတွက် မိခင်ဖြစ်သူဒေါ်ကေသီစိုးက
စိတ်မချနိုင်ဖြစ်နေရသည်။"သားလေး ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော် မေမေ့ဆီ
လည်းဖုန်းဆက်ဦး""ဟုတ်မေမေ သားအရွယ်ရောက်နေပါပြီ စိတ်ချပါမေမေ"
"မေမေ့သားလေး နွေးနွေးထွေးထွေးလေးဝတ်နော် ဟိုမှာက
အရမ်းအေးတယ်""မေမေရေ သားသွားတော့မယ်လေ လေယာဉ်ကထွက်တော့မယ်"
"အေးပါ အေးပါ ဂရုစိုက်နော်"
ယံယံ့၏ပါးလေးနှစ်ဖက်ကိုမက်မက်မောမောနမ်းရှိုက်လိုက်ပြီး
သူမသားလေးကိုလွှတ်ပေးလိုက်ရသည်။ဟိုကပြန်လာရင် စိတ်သစ် လူသစ်ဖြစ်နေပါစေ မေမေ့သားလေး
"ကိုစိုင်း မနက်စာမစားတော့ဘူးလား"
အပေါ်ထပ်ကနေ ရေမိုးချိုးပြီးဆင်းလာသည့် စိုင်းကိုစီစီက
မေးလိုက်သည်။"မစားဘူး သွားစရာရှိလို့"
စီစီဆက်ပြောမည့်စကားတွေကိုနားမထောင်ဘဲ လှည့်ထွက်လာခဲ့သည်။
စိုင်း၏ဦးတည်ရာသည် လေဆိပ်ရှိရာသို့ဖြစ်သည်။ကိုယ့်ကိုမေ့ပြီးဘဝသစ်စမယ့်ကလေးကို
ကိုယ်တွေ့ချင်သေးတယ်"စိုင်း မင်းကဒီကိုဘာလာလုပ်တာလဲ"
စိုင်း ယံယံနဲ့တွေ့ရမည့်အစား အန်တီနဲ့သာတွေ့သည်။
"အန်တီ ကျွန်တော် ......"
"မဟုတ်မှ သားနဲ့လာတွေ့တာလား"
"ဟုတ်ပါတယ်အန်တီ"
"ဘာလဲ ဒဏ်ရာတွေထပ်ပေးဦးမလို့လား ခက်ခက်ခဲခဲမေ့ပျောက်ထားရတာတွေကို
အစပြန်မဖော်ချင်ပါနဲ့စိုင်းရယ်""အန်တီ ကျွန်တော်အဝေးကပဲကြည့်မှာပါ"
"မင်းနောက်ကျသွားပြီစိုင်း သားကလေယာဉ်ပေါ်တက်
သွားပြီ ပြီးတော့ မင်းကအိမ်ထောင်သည်ပါ သားကို
ထပ်မနှောက်ယှက်ပါနဲ့တော့ကွယ်"
VOCÊ ESTÁ LENDO
Yan Yan's Oo💙