အပိုင်း - ၁၀💙

37K 2.5K 144
                                    

မင်း​ဝေယံ​လေး​မေးလိုက်သည့်​မေးခွန်း​ကြောင့် စိုင်းမင်း​နောင် ဆွံ့အသွားရသည်။ ခဏတာမျှမလှုပ်နိုင်ဘဲ ရင်ခုန်သံ​တွေမြန်လာ​လေသည်။

"သား​မေး​နေတယ်​လေ ... ဦးရင်ထဲကိုသွားတဲ့လမ်းကဘယ်ကနေဘယ်လိုသွားရမှာလဲလို့"

"ဟင် ... ဘယ်လို ..."

မလှုပ်မယှက်နဲ့​မေးလာသည့်စိုင်းမင်း​နောင်​ကြောင့် ယံယံ​လေး​ဒေါသထွက်လာ​လေသည်။

"ဟာ ... မြန်မာလိုမေးနေတာနားမလည်ဘူးလား ... ကိုရီးယားလိုမေးရမှာလား"

"မဟုတ် မဟုတ် နားလည်တယ် ... ဟာ ဒါဆိုအဖေကဘာပြောမလို့လဲမသိဘူး"

"သွားတော့ သွား ... မလာနဲ့တော့ သွား သွား သွား"

အဖေကိုသတိရမိလိုက်သည့်အခိုက်အတန့်သည် ယံယံ့ဆီမှအဖြေပြန်မရတော့သည့်အခိုက်အတန့်ဖြစ်သည်။ သူ​ပြော​နေတာကို​ကျော်ပြီး အ​ဖေကိုသွားသတိရ​တော့ ယံယံစိတ်ဆိုး​လေ​တော့သည်။

"ဟာ မဟုတ်ဘူး ... ကိုယ့်ကိုအဖြေပေးဦး"

"မပေး​တော့ဘူး သွားတော့ ... ပေးရင်လည်း နိုးပဲရမယ်"

က​လေးငယ်ကသူ့ကိုစိတ်ဆိုးသွား​လေသည်။ သူကလည်းသူပဲ စိတ်​တွေလှုပ်ရှားပြီး ဘာ​တွေ​ပြောမိမှန်းမသိပါ။

"ယံယံ ကိုယ့်ကိုအဖြေပေးပါကွာ ... ချစ်တယ်မလားဟင် ... ယံယံ ဦးကိုချစ်တယ်မလား"

"ချစ်လိုက်ပြီ ချစ်လိုက်ပြီ ... အမယ်လေးဟော့ဒီကစိုင်းမင်းနောင်ကြီးကို ချစ်လိုက်ပါပြီတဲ့ဗျာ"

​ဖေ့ဘွတ်ခ်ကစကားတွေနဲ့ကြွေအောင်လည်းခြွေတတ်ပါသေးသည်။ မင်း​ဝေယံချစ်ဖို့​ကောင်းလျှင် မည်သူမှလိုက်မမှီ​တော့ပါ။

"သွားတော့"

"မသွားသေးဘူး ... ခုဏကယံယံပဲကိုယ့်ရင်ခွင်ထဲလာဖို့လမ်းမေးသေးတယ်လေ"

"အခုမမေးတော့ဘူး​လေ"

"မမေးလည်းဖြေမယ် ... လာ ဒီကို"

စိုင်းမင်း​နောင်က လက်နှစ်ဖက်ဆန့်တန်းရင်းသူ့ရင်ခွင်ထဲလာဆိုပြီးအချက်ပြသည်။ မင်း​ဝေယံတို့သည် မူခြင်းဘာခြင်းလုံးဝမရှိဘဲ အတင်း​ပြေးဝင်သွားပါ​တော့သည်။

Yan Yan's Oo💙Donde viven las historias. Descúbrelo ahora