အပိုင်း - ၂💙

49.1K 3.4K 151
                                    

"ဦး အစကပြန်ဆော့မယ်လေ"

ဒိုးဆက်ဆော့တာ စိုင်းမင်းနောင်ကလို့အော်လိုက်ရင် အစကပြန်ဆော့မယ် ဖြစ်သွားပါလေတော့သည်။

"မရဘူး ... ယံယံအစကပြန်ဆော့နေတာ နည်းနည်းများပြီ"

"ဦးကလည်း ယံယံမှမနိုင်တာ ... အစကပြန်ဆော့မယ်လို့နော် ... နော် ... နော်"

"ကဲဗျာ ... ဆော့ ဆော့"

စိုင်းမင်းနောင်ကခေါင်းညိတ်လိုက်ရင် ချက်ချင်းကဒ်တွေကို လက်နဲ့အကုန်မွှေပစ်လိုက်ပါတော့သည်။ ကလေးငယ်လေးကလက်အရမ်းမြန်သည်။

"ဦး ... ဦးကတ်တွေယံယံ့ကိုပြပါလား"

ဒီကလေးနဲ့ဆော့ရတာလွယ်တော့မလွယ်လှ။ သူရှုံးတော့မယ်ဆို အစကပြန်ဆော့ရတာနဲ့ စိုင်းမင်းနောင်ရဲ့ကဒ်တွေကိုပြရတာနဲ့ တကယ့်ကိုလည်လွန်းလှသည်။ တောင်းဆိုတဲ့အခါမှာလည်းချစ်စရာကောင်းသည့် အမူအရာလေးတွေနဲ့တောင်းဆိုတတ်သည်။

"ယံယံ ညစ်တာများပြီနော်"

"ဦးကလည်း ပြပါဆို"

"မြန်မြန်ကြည့်နော် ... ခဏပဲပြမှာ"

"ဟုတ် ... ဟုတ်"

မင်းဝေယံလေးကခေါင်းလေးတဆက်ဆက်ညိတ်ပြပြီး ဘေးနားရောက်လာသည်။ သူ့လက်ကိုအတင်းကိုင်ထားပြီး ကဒ်တွေကိုအားရပါးရထိုင်ကြည့်နေလေသည်။

"ရပြီလေ တော်ရောပေါ့ ... အလွတ်များကျက်နေတာလား"

"ကျက်သင့်ရင်ကျက်ရတယ်ဦးရဲ့"

လက်ကလေးပိုက်ပြီး ဆရာကြီးစတိုင်လ်နဲ့ပြောနေတဲ့ကလေးလေးကို သူအသည်းမယားဘဲမနေနိုင်တော့တာအမှန်ပင်။

"ယံယံရေ ဦးကိုအနိုင်မကျင့်ရဘူးလေ"

"မကျင့်ပါဘူး ... မေမေကလည်း"

"သားစိုင်း အအေးသောက်ဦး ... မုန့်လည်းစားနော်"

"ဟုတ်အန်တီ"

"မေမေ ယံယံရောစားလို့ရလား"

"မရဘူး ... သားကထမင်းစားရတော့မယ် မစားရဘူး"

မီးဖိုချောင်ထဲကိုပြန်ဝင်သွားရင်း သူမ၏သားလေးကိုလှမ်းအော်ပြောလိုက်သည်။ မစားရဘူးဆိုတာနဲ့နှုတ်ခမ်းလေးကစူထော်လာပါတော့သည်။

Yan Yan's Oo💙Where stories live. Discover now