အပိုင်း - ၁၄💙

27.9K 2.1K 33
                                    

"ဦး ကျွန်တော်တို့လမ်းခွဲရအောင်"

မနက်ပိုင်းရုတ်တရက်ကြီးချိန်းပြီး ​ပြောလာသည့်စကားကလမ်းခွဲစကားဖြစ်​နေ​တော့ စိုင်းမင်း​နောင် ​နွေ​ခေါင်​ခေါင်မှာမိုးကြိုးပစ်ခံရသလိုခံစားရပါ​တော့သည်။ ညတုန်းက​တောင် ဖုန်း​ပြောခဲ့တာ ဘာမှမဖြစ်​သေးပါ။

"ယံယံ ဘာတွေပြောနေတာလဲ"

"မကြားဘူးလား လမ်းခွဲကြမယ်လို့​ပြော​နေတာ ... ဟိုမိန်းကလေးနဲ့လက်ထပ်လိုက်တော့"

ရုတ်တရက်ဆို​တော့ စိုင်းမင်း​နောင်ဘယ်နားက​နေစကားစ​ပြောရမှန်းလည်းမသိ​တော့ပါ။

"ယံယံ!"

"ကျွန်တော်ခဏတာစိတ်ကစားခဲ့မိတာ ကျွန်တော်တို့
နှစ်ယောက်ရဲ့ဘဝကမူမမှန်ဘူးလေ ... ယောကျာ်းလေးနှစ်ယောက်ကလက်ထပ်မှာတဲ့လား ... မဖြစ်နိုင်တာတွေကိုစိတ်ကူးယဥ်ခဲ့မိတာပဲ"

မင်း​ဝေယံ​လေးကအခုလိုရုတ်တရက်ကြီး​ပြောင်းလဲသွားစရာအ​ကြောင်းလုံးဝမရှိပါ။

"ယံယံ ဘယ်သူကဘာပြောလိုက်လို့လဲ ... ယံယံနဲ့ပြောထားတာအဲ့လိုမဟုတ်ဘူးလေ ... ယံယံကိုယ့်ကိုစိတ်ဆိုးနေတာလား ... ဦး က​လေးအ​ပေါ်ဘာအမှားလုပ်မိလို့လဲ"

"အမှား ... အင်း လုပ်ထားတယ် အများကြီးပဲလုပ်ခဲ့တာ ... ကျွန်တော့်ဘဝကိုပျက်အောင်လုပ်တာလေ ... တော်သေးတာပေါ့ အမှန်ကိုမြင်နိုင်ခဲ့လို့ ... လူ​တွေရွံမုန်းတဲ့ဘဝထဲကို ခင်ဗျားကျွန်​တော့်ကိုဆွဲ​ခေါ်ခဲ့တာအမှားပဲ​လေ"

က​လေးငယ်ကသူ့ကိုဘယ်လိုစကား​တွေ​ပြော​နေရတာလဲ။ ယံယံ့ကိုအခုလို​ပြောထွက်​အောင် ဘယ်သူတွန်းအား​ပေးခဲ့တာလဲ။ မ​နေ့ညက​တောင် သူ့ကိုမထားခဲ့ပါနဲ့လို့​ပြောခဲ့တဲ့က​လေးငယ်က အခုသူ့ကိုလမ်းခွဲစကား​တွေ​ပြောပြီး အကန်​တွေချည်း​ပြော​နေ​တော့သည်။

"ယံယံ ဦးကယံယံ့ကိုတကယ်ချစ်တာ ... ကိုယ့်အချစ်ကပေါ့ပေါ့တန်တန်မဟုတ်ပါဘူး ... ယံယံ့ကိုစိတ်ရင်းနဲ့ချစ်တာပါ"

"အဲ့တာခင်ဗျားအပိုင်းလေ ... ကျွန်တော်မှမချစ်​တော့တာ ဒီတင်ပဲလမ်းခွဲကြတာပေါ့ ... ကျွန်တော်သွားပြီ"

Yan Yan's Oo💙Where stories live. Discover now