အပိုင်း - ၇💙

35.3K 3.2K 102
                                    

ယံယံအနောက်မှပြေးလိုက်လာပြီး မေးလိုက်သည့်မေးခွန်းတစ်ခုမေးလိုက်သည်။

"ဦးကမိန်းကလေးတွေစိတ်မဝင်စားဘူးဆိုတာ ဟုတ်လား"

စိုင်းမင်းနောင်ချက်ချင်းအဖြေမပေးနိုင်ပါ။ ယံယံကလည်းစိုင်းမင်းနောင်မဖြေမချင်း စိုင်းမင်းနောင်၏မျက်လုံးကိုတည့်တည့်စိုက်ကြည့်နေသည်။

"ယံယံ ဒါဘယ်ကကြားလာတာလဲ"

"ယံယံမေးတာ Yes or No Questionနော်"

"ဟုတ်တယ် ... ယံယံ့ကိုဘယ်သူပြောတာလဲ"

"ယံယံကြားလာတာ ဟုတ်လား ... အဲ့တာ တကယ်ပဲလား"

စိုင်းမင်းနောင် ယံယံ့ဆီမှအကြည့်လွှဲလိုက်ပြီး ပြန်ဖြေလိုက်သည်။ မင်းဝေယံလေးကို သူ,မကြည့်ရဲပါ။

"အင်း"

"ဦးမသိဘူးလား ... ဦးကိုအပြင်မှာဘယ်လိုတွေပြောနေကြလဲဆိုတာ ... ဟင့် ဦးကို‌ဂေးလို့ပြောနေကြတာ ... အဟင့် ဘာလို့အဲ့လိုငြိမ်ခံနေတာလဲ"

"ဟာ ... ယံယံ မငိုနဲ့လေ ... လမ်းမကြီးမှာမငိုပါနဲ့ ... ဦးနဲ့အိမ်လိုက်ခဲ့မလား"

"ဟင့် ... အင်း လိုက်မယ်"

ငိုတယ်လို့သာပြောရတယ် မျက်ရည်ကတစ်စက်မှမထွက်ဘဲ အာခေါင်ခြစ်ပြီးအော်နေရုံသာဖြစ်သည်။ လူတွေတွေ့ရင်ကိုယ်ကပဲအနိုင်ကျင့်နေသလိုလိုဖြစ်နေပြီ။ ဒီပုံစံအတိုင်းဆိုထောင်ထဲဝင်ရလိမ့်မည်‌မှာကျိန်း‌သေနေသောကြောင့် မင်းဝေယံလေးကို အိမ်ကိုခေါ်လာခဲ့ရလေသည်။

"ဒီမှာထိုင် ... မငိုနဲ့လေ ဘာလို့ငိုရတာလဲ"

"ဦးကို‌ဂေးလို့ပြောနေကြတာ ဦးမသိဘူးလား ... ခုဏကလည်းဆိုင်မှာ ဦးအကြောင်းပြောနေကြတာ ... ရွံတယ်တဲ့ ဦးကအဲ့လိုလူမှမဟုတ်တာ ... ဘာလို့အဲ့လိုအပြောခံနေတာလဲ"

"သူတို့ဘာသာပြောနေကြတာလေ ... ကိုယ်မဟုတ်ရင် နာစရာမှမလိုတာ မဟုတ်ဘူးလား ... ကိုယ်ကလည်းယောကျာ်းတိုင်းလိုက်စိတ်ဝင်စားနေတဲ့သူမဟုတ်ဘူးလေ ... အဲ့တော့ကိုယ်နာစရာမလိုဘူးပေါ့ ... ကိုယ်စိတ်ပူတာက ယံယံသိသွားရင် ကိုယ့်ကိုစိတ်ကွက်သွားမှာကိုပဲ ... ကျန်တာဂရုမစိုက်ဘူး"

Yan Yan's Oo💙Where stories live. Discover now