အပိုင်း - ၅💙

38.2K 2.9K 128
                                    

"မေမေရေ မြန်မြန်လုပ် ... သားနောက်ကျတော့မယ်"

ဒီနေ့က မတ်လ၆ရက်နေ့ဖြစ်သလို ဆယ်တန်းစာမေးပွဲကြီးဖြေမည့်နေ့ဖြစ်သည်။ ကျောင်းရှေ့တွင်မိဘတွေနဲ့ကျောင်းသားတွေကအပြည့်။ ယံယံတစ်ယောက် အရမ်းစိတ်တွေလှုပ်ရှားနေရသည်။

"သားငယ် စာလုံးပေါင်းတွေသေချာပြန်စစ်နော် ... စိတ်ကိုလည်းအေးအေးထား ... စာစီစာကုံးရေးရင် ခေါင်းစဉ်တပ်ဖို့မမေ့နဲ့နော် ... သားကမေ့တတ်တယ် ... ဝါကျဖွဲ့ရင်လည်းမျဉ်းတားနော် ... လက်ရေးလှစရာမလိုဘူး ရှင်းလင်းနေအောင်သာရေး ... မေမေပြောတာကြားလား စိတ်မလှုပ်ရှားနဲ့နော်"

"မေမေကစိတ်လှုပ်ရှားနေတာမဟုတ်ဘူးလား ... လက်တွေလည်းအေးစက်နေတာပဲ ... ဖြေရမယ့်သူကသားပါမေမေရဲ့"

"ငါလည်းစိတ်လှုပ်ရှားတာပေါ့ဟဲ့ ... ဖြေမှာကငါ့သားလေ"

"ဦး လာမယ်ပြောပြီးမလာသေးဘူး ... ကတိမတည်တဲ့လူကြီး"

"ဟဲ့ လူကြီးကိုပြောပြန်ပြီ ... နင့်ထက်အသက်အများကြီးကြီးတယ်ဟဲ့ ... စာမေးပွဲဖြေရမှာကို စကားကိုဆင်ဆင်ခြင်ခြင်မပြောဘူး"

"ဟာ ... မေမေကလည်း သားကမှန်တာပြောတာကို"

"ယံယံ!"

စိုင်းမင်းနောင်နဲ့နန်းရတီနှစ်ယောက်စလုံးရောက်လာကြသည်။ နောက်ကျ‌မှရောက်လာလို့ မင်းဝေယံလေးကစူပုပ်ပုပ်။

"ယံယံ သေချာဖြေခဲ့နော် ... မမသင်ထားတာတွေမမေ့နဲ့နော်"

"ဟုတ် ... စိတ်ချမမ ... သားသေချာဖြေခဲ့မှာ"

"ယံယံ"

"ဘာလဲ"

ဆောင့်ဆောင့်အောင့်အောင့်နဲ့ပြန်ဖြေလိုက်သည့်အကျိုးဆက်သည် မေမေ့၏လက်ဖဝါးစာမိသွားရခြင်းဖြစ်သည်။

"နာလိုက်တာမေမေရယ်"

"နင်လူကြီးကိုဘယ်လိုတွေပြန်ဖြေနေတာလဲ"

"အန်တီရယ် ယံယံ့ကိုမရိုက်ပါနဲ့ ... စာမေးပွဲဖြေရမှာ အနာတရတွေဖြစ်ကုန်ပါ့မယ်"

ယံယံ စာအုပ်ကလေးကိုင်ပြီး လူရှင်းသည့်နေရာလေးမှာ ငုတ်တုပ်သွားထိုင်နေသည်။ စိုင်းမင်းနောင် ယံယံ့အနောက်ကိုလိုက်သွားသည်။

Yan Yan's Oo💙Donde viven las historias. Descúbrelo ahora