Zawgyi
ဘ၀မှာတချို့သောအရာတွေဟာ အလွယ်တကူမဖြေရှင်းနိုင်လေဘူး... အဲလီစန်လီဂျေကာအတွက်ကတော့ ကင်ဆာဟာ မရှောင်လွှဲနို်င်တဲ့အရာဖြစ်လေတယ်... သူမဟာ သူမရဲ့ ရောဂါကိုလွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သိရှိခဲ့ရလေသော်ငြား ဒီအသက်အရွယ်မှာ ဒီရောဂါကနေ သူမကိုယ်သူမ မကယ်တင်နိုင်လေတော့ဘူး... သူမရဲ့ မြေးတွေကို ကာကွယ်နိုင်ဖို့ရာ သူမတတ်နိုင်သလောက် ခုခံထားလေးရင်းသာ ဒီရောဂါကို လျှိ့ဝှက်ထားရလေတော့တယ်... သူမရန်သူတွေသာ သိသွားရင် ကလေးတွေကို ချက်ချင်းတိုက်ခိုက်လေတော့မှာကို သူမစိုးရိမ်ခဲ့ရတာဖြစ်လေတယ်...
သို့သော်ငြား မူလဇာတ်လမ်းဟာ သူမရဲ့ မြေးမကို သေစေပြီး သူမရဲ့ မြေးငယ်ကိုတော့ နေ့စဉ်အမျှပို၍သာ နုံအလာစေခဲ့တာဖြစ်လေတယ်... ဘလေ့စ်ဂျေကာအတွက် သူမ စိတ်ချရတဲ့ မဟာမိတ်တစ်ဦးကို သူမ မတွေ့ခင်မှာပဲ အဲလီစန်လီရဲ့ ကင်ဆာဟာ အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ရလေတယ်... ၀မ်းနည်းစွာနဲ့ပဲ သူမရဲ့ မိသားစုကို ရန်သူတွေဖျက်စီးတာကို မတားဆီးနိုင်လိုက်လေပဲ သူမဟာ လောကထဲကနေ ထွက်သွားခဲ့ရတော့တယ်...
အခုကတော့ ဇာတ်လမ်းဟာ မတူလေတော့ဘူး... မက်က်ဆီဟာအသက်ရှင်နေလေတာဖြစ်ပြီး သူမရဲ့ မြေးမ ဘယ်လောက်စွမ်းဆောင်နိုင်လေမှန်း အဲလီစန်လီဂျေကာ နားလည်ချိန်မှာတော့ သူမဟာ သေခြင်းတရားကို မကြောက်ရွံ့လေတော့ဘူး... မက်က်ဆီဟာ ဂျေကာကော်ပိုရေးရှင်းကို အညှာအတာကင်းမဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို အုပ်ချုပ်နေပေမယ့် သူမရဲ့မြေးမဟာ ဘလေ့စ်ဂျေကာကိုတော့ သူမရဲ့ မိသားစုဝင်အနေနဲ့ သတ်မှတ်ပြီး သူမ ကွယ်လွန်သွားရင်တောင်မှာ ထောက်ပံ့ပေးလေလိမ့်မယ်လို့ အဲလီစန်လီ ယုံကြည်လေတယ်...
တစ်ဖက်မှာလည်း ဒီအဘွားအိုဟာ သူ့ရဲ့မြေးငယ်လေးဟာ မက်က်ဆီလူသာကို နောက်ထပ် အနှောင့်အယှက်မပေးလေပဲ သူ့ရဲ့ ဒီအစ်မကသာ အဘွား မရှိတော့တဲ့အချိန်မှာ သူ့အတွက် တစ်ဦးတည်းသော မိသားစုဝင်အဖြစ်ရှိနေမယ်ဆိုတဲ့အတွေးကိုသိလာဖို့ရာ မျှော်လင့်လေတယ်... သေဆုံးဖို့ရာ နီးလာချိန်မှာတော့ အဲလီစန်လီဟာ သူ့မြေးနှစ်ဦး တစ်ဦးနဲ့တစ်ဦး သင့်မြတ်ထောက်ပံ့လာနိုင်ဖို့ရာသေချာရန်အတွက် ကြိုးစားလေတယ်... ဒါကြောင့် သူမဟာ ဘလေ့စ်ဂျေကာရဲ့ သူ့ဝမ်းကွဲအစ်မအပေါ်အမြင်ကို စတင်ပြောင်းလဲလိုက်ဖို့ ခြေလှမ်းလှမ်းလေတော့တယ်...
![](https://img.wattpad.com/cover/170419755-288-k71287.jpg)
YOU ARE READING
6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)
Romanceကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...