Zawgyi
"ခိအအိ.."
တစ်ခြားသူ တစ်ဦးရဲ့ ခန္ဓာကိုယ်ထဲကို ၀င်ရောက်သွားလိုက်တာနဲ့ ငါစိတ်ဝိဥာဉ်ဟာ အသက်ရှူမှားသွားသလို ခံစားလိုက်ရလေတယ်... လဲကျလျက်သာပဲ ငါဟာ မာကျောတဲ့ ဖျာတစ်ခုကို ခေါင်းနဲ့ ဆောင့်မိပြီး ငါ့ရဲ့အသိစိတ်ဟာ ချာချာလည်နေလေတယ်... အဲ့ဒီအစား အချက်အလက်တွေ- အတိအကျပြောရရင် ဇယားကွက်ပုံတစ်ပုံဟာ ငါ့စိတ်ထဲကို ၀င်ရောက်လာတော့တာဖြစ်တယ်...
![]()
Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.
ဒီဇာတ်လမ်းဟာ ကိန်းန်ဂျေကာလို့ခေါ်တဲ့ ဂျေကာ ကော်ပိုရေးရှင်းရဲ့ တည်ထောင်သူနဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ သန်းထောင်ပေါင်းများစွာကြွယ်ဝတဲ့ သူဌေးကြီးရဲ့ အမွေဆက်ခံသူဖြစ်လာဖို့ရာ ယှဉ်ပြိုင်ကြတဲ့ ဇာတ်ကောင်များစွာပါဝင်တဲ့ဇာတ်လမ်းတစ်ခုဖြစ်လေတယ်...ထက်မြတ်လွန်းလှတဲ့ ဒီစီးပွားရေးသမားကြီးဟာ သူ့ရဲ့ ကောလိပ်ကျောင်းသားဘ၀ထဲက ဒီကုန်သွယ်ကူးသန်းရေး ကုမ္ပဏီကို ထူထောင်ခဲ့တာဖြစ်လေတယ်... သူဘွဲ့ရတဲ့အခါမှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ ကမ္ဘာထိပ်သီး ဆယ်ခုထဲမှာ တစ်ခုအပါအ၀င်ဖြစ်လာခဲ့လေပြီ... နှစ်ငါးဆယ်ကျော်လာချိန်မှာတော့ ကိန်းန်ဂျေကာဟာ သူ့ရဲ့ အလုပ်တွေကို ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်လာအောင် ဖြန့်ကျက်ခဲ့တော့တာဖြစ်လေတယ်...
တစ်ဖက်မှာတော့ သူ့ရဲ့စီးပွားရေးနယ်ပယ်မှာ အောင်မြင်မှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဘ၀မှာတော့ အကျိုးသက်ရောက်မှုမရှိလေဘူး... အာဏာ၊ ဂုဏ်သရေ၊ ကြွယ်ဝမှုနဲ့ မိန်းမ အရှုပ်အထွေးတွေအားလုံးဟာ သူ့အနားမှာ အုံခဲနေလေတော့တယ်...
ငယ်ရွယ်ပြီးလှပတဲ့ သွေးဆောင်ဖျားယောင်းမှုတွေကြောင့် သူလက်ထပ်မှုတွေဟာ အယုံအကြည်မဲ့ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကွာရှင်းမှုအဖြစ် အဆုံးသတ်လေတော့တယ်... ကိန်းန်ဂျေကာရဲ့ မိန်းမ နံပတ်၎ ကိုရောက်လာချိန်မှာတော့ သူ့မှာ တရားဝင်ကလေး ၅ယောက်နဲ့ မြေး၇ယောက် ရှိနေပြီဖြစ်လေတယ်...
![](https://img.wattpad.com/cover/170419755-288-k71287.jpg)
STAI LEGGENDO
6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)
Storie d'amoreကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...